သေသူနှင့် ရှင်သူတို့ကြား ရပ်နေ၏။ ဘေးဒဏ်လည်းငြိမ်းလေ၏။
ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-
ထို ကာ လ ကော ရ ပြစ် မှု ကြောင့် သေ သူ တို့ ပြင် ဘေး သင့်၍ သေ သော လူ ပေါင်း ကား တစ် သောင်း လေး ထောင့် ခု နစ် ရာ တို့ တည်း။
အသက်ရှင်သောသူ၊ သေသောသူစပ်ကြားမှာရပ်နေ၍၊ ဘေးဥပဒ်ငြိမ်းလေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
သို့သော် ဖိနဟတ်သည်ထ၍ ကြားဝင်ဖြေရှင်းပေးသောကြောင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
ထို့ကြောင့် သူတို့သည် အသီးသီး မိမိတို့၏မီးကျီးခံဗန်းကိုယူ၍ မီးကိုထည့်ပြီးလျှင် မီးပေါ်၌ နံ့သာပေါင်းကိုတင်၏။ ထို့နောက် မောရှေ၊ အာရုန်တို့နှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ရပ်နေကြ၏။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
အာရုန်လည်း မောရှေပြောသည့်အတိုင်း ယူ၍လူအစုအဝေးအလယ်သို့ ပြေးသွားလေ၏။ ထိုအချိန်၌ လူတို့အလယ်တွင် ဘေးဒဏ်ကျရောက်စပြုလေပြီ။ အာရုန်သည်လည်း နံ့သာပေါင်းကို ပူဇော်၍ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီး
ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။
ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍“ကြည့်လော့။ သင်သည် အကောင်းပကတိဖြစ်လေပြီ။ နောက်တစ်ဖန်အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ဆိုးရွားသောအရာသည် သင့်အပေါ် သက်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။