နာဒပ်နှင့်အဘိဟုသည် ဖခင်မကွယ်လွန်မီ ဦးစွာကွယ်လွန်သွားကြ၏။ သူတို့၌ သားမထွန်းကားခဲ့။ ထို့ကြောင့် ဧလာဇာနှင့် ဣသမာတို့သည် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြရ၏။
တောလည် 16:39 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယဇ်ပုရောဟိတ်ဧလာဇာသည်လည်း မီးလောင်ခြင်းခံရသောသူတို့ပူဇော်သည့် ကြေးနီမီးကျီးခံဗန်းတို့ကိုယူ၍ ယဇ်ပလ္လင်ကိုဖုံးရန် အပြားခတ်ကြ၏။ Common Language Bible ထိုကြောင့်ယဇ်ပုရောဟိတ်ဧလာဇာသည် မီးကျီးခံအိုးများကိုယူ၍ ယဇ်ပလ္လင် ကိုဖုံးရန်အပြားခတ်လေသည်။- Garrad Bible မော ရှေ ဖြင့် ထာ ဝ ရ ဘု ရား ဆင့် ဆို တော် မူ ချက် အ တိုင်း ပ ရော ဟိတ် ဧ လာ ဇာ သည် ကျွမ်း လောင် ပြီး သူ တို့ ဆက် သွင်း ခဲ့ သော ကြေး မီး ကျီး ခံ များ ကို ယူ ပြီး လျှင် အာ ရုန့် အ နွယ် နှင့် မ စပ် ဆိုင် သူ တစ် စုံ တစ် ယောက် မျှ ထာ ဝ ရ ဘု ရား ရှေ့ နံ့ သာ ပေါင်း ကို တင် ရှို့ ရန် ချဉ်း ကပ် မိ လျက် ကော ရ နှင့် အ ပေါင်း အ သင်း တို့ ကဲ့ သို့ မ ဖြစ် စေ ခြင်း ငှါ ဣ သ ရေ လ အ မျိုး သား တို့၌ မှတ် သား ရာ အ ဖြစ် ပူ ဇော် ရာ ပ လ္လင် တော် အ ဖုံး အ ဖို့ ခပ် လုပ် ကြ လေ ၏။ Judson Bible ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်းကိုခံရသော သူတို့ပူဇော်သော လင်ပန်းများကိုယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်လေ၏။ |
နာဒပ်နှင့်အဘိဟုသည် ဖခင်မကွယ်လွန်မီ ဦးစွာကွယ်လွန်သွားကြ၏။ သူတို့၌ သားမထွန်းကားခဲ့။ ထို့ကြောင့် ဧလာဇာနှင့် ဣသမာတို့သည် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြရ၏။
ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင်
သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။
အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။