ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှာဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့တွင် တံပိုးခရာမှုတ်ကြရ၏။ ဩဗဒေဒုံနှင့်ယေဟိတို့သည်လည်း သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။
တောလည် 10:8 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးခရာတို့ကို မှုတ်ကြရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ Common Language Bible ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။- Garrad Bible အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သည် သင် တို့ အ မျိုး အ စဉ် အ ဆက်၊ အ မြဲ အ ထုံး အ ဖွဲ့ ဖြစ် ရ သော ထို တံ ပိုး များ ကို မှုတ် ကြ ရ မည်။ Judson Bible အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကိုမှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။ |
ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှာဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့တွင် တံပိုးခရာမှုတ်ကြရ၏။ ဩဗဒေဒုံနှင့်ယေဟိတို့သည်လည်း သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။
ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလတို့သည် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် တံပိုးခရာကိုပုံမှန်မှုတ်ရ၏။
မောရှေသည် အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်လေ၏။ သူတို့နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကိုလည်း သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့် အချက်ပေးတံပိုးခရာများပါလျက် စစ်ပွဲသို့ စေလွှတ်လေ၏။