အကျွန်ုပ်သည် ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့နှင့် ကိုယ်တော်၏ဥပဒေသတို့ကို စောင့်ထိန်းသောသူရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။
တမန်တော်ဝတ္ထု 4:23 - မြန်မာ့စံမီသမ္မာကျမ်း တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့အပေါင်းအဖော်များရှိရာသို့ ပြန်လာ၍ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများက မိမိတို့အားပြောသမျှတို့ကို ပြန်ပြောပြကြ၏။ Common Language Bible ပေတရုနှင့်ယောဟန်တို့သည်လွတ်မြောက်လာ ကြသောအခါ မိမိတို့၏လူစုထံသို့ပြန်ပြီး လျှင် ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေး ခေါင်းဆောင်များပြောကြားလိုက်သမျှတို့ ကိုပြန်ပြောကြ၏။- Garrad Bible လွှတ် ပြီး နောက် တ မန် တော် တို့ သည် ကိုယ့် အ ပေါင်း အ ဖော် ရှိ ရာ သို့ သွား၍ ပ ရော ဟိတ် ကြီး နှင့် လူ ကြီး တို့ ပြော သ မျှ ကို ပြန် ဆို ကြ သော်၊ Judson Bible တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုနှင့်ယောဟန်တို့သည် လွတ်လာပြီးနောက် အခြားယုံကြည်သူများထံသို့ သွား၍ မိမိတို့အား ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့ပြောခဲ့သမျှတို့ကို ပြန်ပြောပြကြ၏။ |
အကျွန်ုပ်သည် ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့နှင့် ကိုယ်တော်၏ဥပဒေသတို့ကို စောင့်ထိန်းသောသူရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။
ကမ္ဘာမြေကြီးပေါ်ရှိ သန့်ရှင်းသောသူတို့နှင့်ပတ်သက်၍မူကား သူတို့သည် ကြီးမြတ်သောသူဖြစ်ကြ၏။ ငါသည် သူတို့ကို အလွန်နှစ်သက်၏။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
ထိုအချိန်တွင် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့အချင်းချင်းပြောဆိုသောစကားကို ထာဝရဘုရားနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး နာမတော်ကို ကြည်ညိုလေးစားသောသူတို့နှင့်ပတ်သက်၍ ရှေ့တော်၌ အောက်မေ့စရာမှတ်တမ်းစာလိပ်တွင် ရေးမှတ်ထား၏။
သူတို့သည်လည်း ထောင်ထဲမှ ထွက်လာကြသောအခါ လုဒိထံသို့ သွား၍ ညီအစ်ကိုများနှင့်တွေ့ဆုံကာ သူတို့ကို တိုက်တွန်းနှိုးဆော်ပြီးမှ ထွက်ခွာသွားကြ၏။
ထိုသူတို့သည်လည်း ကြားကြလျှင် တညီတညွတ်တည်းဖြင့် ဘုရားသခင်ထံ အသံကိုလွှင့်၍ “စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်သမုဒ္ဒရာမှစ၍ ၎င်းတို့၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပါ၏။