သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
တမန်တော်ဝတ္ထု 20:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပေါလုသည် မိလက်မြို့မှ ဧဖက်မြို့သို့ လူလွှတ်၍ အသင်းတော်အကြီးအကဲများကိုခေါ်လေ၏။ Common Language Bible သို့ရာတွင်ပေါလုသည်ဧဖက်မြို့အသင်းတော် လူကြီးတို့အား မိမိနှင့်လာရောက်တွေ့ဆုံရန် မိလက်မြို့မှလူလွှတ်အကြောင်းကြားလိုက်၏။- Garrad Bible ထို အ ခါ ပေါ လု သည် မိ လက် မြို့ မှ ဧ ဖက် မြို့ သို့ လူ လွှတ်၍ အ သင်း တော် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် သည့် အ တိုင်း ရောက် လာ ကြ သော် ပြော ဆို သည် မှာ၊ Judson Bible မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိလက်မြို့သို့ ရောက်သောအခါ ပေါလုသည် လူလွှတ်၍ ဧဖက်မြို့ရှိ အသင်းတော်အကြီးအကဲများကို မိမိထံလာရောက်တွေ့ဆုံရန် ဖိတ်ခေါ်လေ၏။ |
သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
ထိုသူတို့မှတစ်ဆင့်ပေးလိုက်သော စာ၌ကား “တမန်တော်များနှင့်အသင်းတော်အကြီးအကဲများဖြစ်ကြသော ညီအစ်ကိုတို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားထဲမှ ညီအစ်ကိုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
ထိုအခါ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအကြောင်းအရာကို ကြည့်ရှုသုံးသပ်ရန် စုဝေးကြ၏။
ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားရင်း ဂျေရုဆလင်မြို့၌ရှိသောတမန်တော်များနှင့် အသင်းတော်အကြီးအကဲများဆုံးဖြတ်ထားသောစည်းမျဉ်းတို့ကို စောင့်ထိန်းစေရန် လူတို့အားပေးအပ်ကြ၏။
သူတို့သည် ဧဖက်မြို့သို့ရောက်ကြသောအခါ ပေါလုသည် အခြားသောသူတို့ကို ထိုနေရာ၌ထားခဲ့ပြီး ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလေ၏။
ထိုမြို့မှ တစ်ဖန်ရွက်လွှင့်ကြပြီး နောက်တစ်နေ့တွင် ခိအုကျွန်း၏တစ်ဖက်သို့ ရောက်ကြ၏။ ထိုမှ တစ်နေ့ကြာသော် သာမုကျွန်းသို့ဝင်၍ နောက်တစ်နေ့တွင် မိလက်မြို့သို့ရောက်ကြ၏။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။
သင်တို့တွင် နာမကျန်းဖြစ်သူရှိလျှင် သူသည် အသင်းတော်အကြီးအကဲများကိုဖိတ်ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီလိမ်း၍ သူ့အတွက်ဆုတောင်းပေးကြစေ။
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။