ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ဇာခရိ 4:12 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါက “ရွှေရည်စီးဆင်းနေသောရွှေပြွန်နှစ်ခုဘေးရှိ သံလွင်ပင်မှဖြာထွက်သောအလက်နှစ်ခုကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်ရာ Common Language Bible သံလွင်ဆီများကျဆင်းရာရွှေပြွန်နှစ်လုံး ၏နံဘေးတွင်ရှိသောသံလွင်ခက်နှစ်ခု၏ အနက်အဋ္ဌိပ္ပါယ်မှာလည်းအဘယ်နည်း'' ဟု မေး၏။ Garrad Bible ရွှေ ဆီ ကို သွန်း လောင်း သော ရွှေ ပြွန် နှစ် သွယ် နှင့် ပူး ကပ် သော သံ လွင် နှစ် လက် ကား၊ မည် သို့ ပါ နည်း ဟူ၍ လည်း ကောင်း၊ Judson Bible ဆီညှစ်ရာ ရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ်သို့နည်း ဟူ၍လည်းကောင်း မေးလျှောက်သော်၊ |
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ငါကလည်း “ဆီမီးခုံ၏လက်ယာဘက်နှင့်လက်ဝဲဘက်ရှိ သံလွင်ပင်နှစ်ပင်ကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်၏။
သူက “ဤအရာများ မည်သို့ ဆိုလိုသည်ကို သင်မသိသလော”ဟု မေးလျှင် ငါကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်မသိပါ”ဟု ပြန်လျှောက်၏။
ကိုယ်တော်ကလည်း“ငါ၏ခွက်ကို သင်တို့သောက်ကြမည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ငါ၏ခမည်းတော်ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။
ဤသူတို့သည် ကမ္ဘာမြေကြီး၏အရှင်သခင်ရှေ့တော်၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံနှစ်ခုဖြစ်ကြ၏။