ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
ဆာလံ 97:8 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကြောင့် ဇိအုန်သည် ကြား၍ ဝမ်းမြောက်ပါ၏။ ယုဒပြည်၏သမီးတို့သည်လည်း ရွှင်လန်းကြပါ၏။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့် ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ စီ ရင် ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ ဇိ အုန် မြို့ ကြား ၍ အား ရ ခွင့်၊ ယု ဒ အ မျိုး သ မီး တို့ ရွှင် လန်း ခွင့် ရ ကြ ပါ၏။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်သည် တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့်၊ ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏။ |
ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
ကိုယ်တော်၏တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်ပါစေ။ ယုဒသမီးပျိုတို့သည် ရွှင်လန်းကြပါစေ။
ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကိုမြင်ရသဖြင့် ဝမ်းမြောက်လိမ့်မည်။ သူသည် ဆိုးယုတ်သောသူ၏သွေး၌ မိမိ၏ခြေကို ဆေးကြောလိမ့်မည်။
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် ကြားသိစေတော်မူပြီ။ ဇိအုန်သမီးပျိုအား “ကြည့်ရှုလော့။ သင့်ကိုကယ်တင်သောအရှင် လာနေပြီ။ ဆုလာဘ်သည် ကိုယ်တော်နှင့်အတူရှိ၏။ အဖိုးအခသည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏”ဟု ပြောကြားလော့။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။