သေခြင်း၏ကြိုးတို့သည် ငါ့ကိုရစ်ပတ်ထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
ဆာလံ 93:3 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ မြစ်တို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မြစ်တို့သည် မိမိတို့၏အသံကို ဟုန်းဟုန်းမြည်စေကြပါ၏။ မြစ်တို့သည် မိမိတို့၏လှိုင်းခတ်သံများကို ဟုန်းဟုန်းမြည်စေကြပါ၏။ Common Language Bible အို ထာဝရဘုရား၊ သမုဒ္ဒရာသည်အသံကိုဟစ်၍အော်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုးသံသည်မြည်ဟည်းပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ မြစ် များ သည် ထ ကြွ၍ ဟုန်း သံ လွှင့် ကြ ပါ၏။ မြစ် များ သည် လှိုင်း တံ ပိုး ခတ် ကြ ပါ၏။ Judson Bible အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကိုပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။ |
သေခြင်း၏ကြိုးတို့သည် ငါ့ကိုရစ်ပတ်ထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
ထိုသမုဒ္ဒရာ၏ရေတို့သည် ဟုန်းဟုန်းမြည်လျက် ပွက်ပွက်ထကာ တစ်ဟုန်ထိုးတက်လာ၍ တောင်များတုန်ခါကြလျှင်ပင်လည်းကောင်း ငါတို့သည် ကြောက်ရွံ့ကြမည်မဟုတ်။(စေလာ)
မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။
မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ ပင်လယ်နှင့် ပင်လယ်ထဲရှိအရာအားလုံးတို့လည်း မြည်ဟည်းကြပါစေ။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
ကိုယ်တော်သည် ပင်လယ်ရေနက်ထဲသို့ အကျွန်ုပ်ကိုပစ်ချလိုက်သောအခါ ရေသည် အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိပါ၏။ လှိုင်းလုံးကြီးလှိုင်းလုံးငယ်တို့သည်လည်း အကျွန်ုပ်ကို လွှမ်းမိုးကြပါ၏။
မြွေသည် ထိုအမျိုးသမီးကို ရေ၌မျောပါသွားစေရန် သူ၏နောက်တွင် ရေကို မြစ်သဖွယ် မိမိခံတွင်းထဲမှ မှုတ်ထုတ်လိုက်၏။
ထို့နောက် ထိုကောင်းကင်တမန်က “သင်မြင်ရသော ပြည့်တန်ဆာထိုင်နေသည့်ရေများသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးများနှင့် လူထုပရိသတ်များဖြစ်ကြ၏။