မြောက်မျက်နှာလဟာပြင်ကို ပြန့်ကားစေပြီး ကမ္ဘာမြေကို လဟာပြင်တွင် ချိတ်ဆွဲထားတော်မူ၏။
ဆာလံ 89:12 - မြန်မာ့စံမီသမ္မာကျမ်း မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။ Common Language Bible ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။ Garrad Bible မြောက် မျက် နှာ နှင့် တောင် မျက် နှာ ကို ဖန် ဆင်း ခြင်း ပြု တော် မူ သည့် အ လျောက်၊ တာ ဗော် နှင့် ဟေ ရ မုန် တောင် သည် နာ မ တော် ကြောင့် ကြွေး ကြော် ကြ ပါ၏။ Judson Bible မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြပါ၏။ |
မြောက်မျက်နှာလဟာပြင်ကို ပြန့်ကားစေပြီး ကမ္ဘာမြေကို လဟာပြင်တွင် ချိတ်ဆွဲထားတော်မူ၏။
ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် ၎င်းကို သမုဒ္ဒရာပေါ်တွင်တည်၍ မြစ်များပေါ်တွင်မြဲမြံစေတော်မူ၏။
မြစ်တို့သည် လက်ခုပ်တီးကြပါစေ။ တောင်များသည် ထာဝရဘုရားရှေ့တော်၌ အတူတကွရွှင်လန်းစွာသီချင်းဆိုကြပါစေ။
အို မိုးကောင်းကင်၊ ရွှင်လန်းစွာသီချင်းဆိုလော့။ အို မြေကြီး၊ ရွှင်လန်းလော့။ အို တောင်များတို့၊ သီချင်းဟစ်ကြော်သီဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို နှစ်သိမ့်တော်မူမည်။ အဖိနှိပ်ခံရသောမိမိလူမျိုးတော်ကို သနားတော်မူမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “အကယ်စင်စစ် ငါအသက်ရှင်သည်နှင့်အညီ တောင်များတွင် တာဗော်တောင်ကဲ့သို့၊ ပင်လယ်ကမ်းနားတွင် ကရမေလတောင်ကဲ့သို့ ထင်ပေါ်သောသူတစ်ဦး ရောက်လာမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောပြည်နှင့်ဘုရင်များကား ဤသို့ဖြစ်၏။ အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အာနုန်ချောင်းမှစ၍ ဟေရမုန်တောင်အထိ၊ အရှေ့ဘက်အရာဗလွင်ပြင်တစ်ခုလုံး၊
သူတို့၏နယ်နိမိတ်သည် တာဗော်မြို့၊ ရှာဟဇိမာမြို့၊ ဗက်ရှေမက်မြို့ တို့သို့ရောက်ပြီး ဂျော်ဒန်မြစ်၌ ဆုံး၏။ ထိုနယ်နိမိတ်တွင် မြို့တစ်ဆယ့်ခြောက်မြို့နှင့် ရွာများပါ၏။
ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။