ကိုယ်တော်သည် သူတို့ကိုဝါးမျိုမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။
ကိုယ်တော်သည်သူတို့အားအတိဒုက္ခပေးသည့် ယင်ရဲများကိုလည်းကောင်း၊ သူတို့၏လယ်ယာများကိုဖျက်ဆီးကြသည့် ဖားများကိုလည်းကောင်းသူတို့ထံသို့စေ လွှတ်တော်မူ၏။
ကိုက် တတ် သော မှက် များ နှင့်၊ ဖျက် ဆီး တတ် သော ဖား များ ကို လွှတ် တော် မူ ခြင်း၊
သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကိုလည်းကောင်း၊ ဖျက်ဆီးတတ်သော ဖားတို့ကိုလည်းကောင်း စေလွှတ်တော်မူ၏။
သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။ အာရုန်သည် မိမိလက်ကိုဆန့်၍ တောင်ဝှေးဖြင့် မြေမှုန့်ကို ရိုက်လျှင် အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်ရှိသမျှသည် မှက်ကောင်များဖြစ်လေ၏။ ထိုမှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ် တွယ်ကပ်လေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်သည် နံနက်စောစောထ၍ ရေဆိပ်သို့သွားမည့်ဖာရောမင်းကြီး၏ရှေ့တွင်ရပ်လျက် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ဒုတိယကောင်းကင်တမန်သည် သူ၏ဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းသောအခါ ရေသည် သေသောသူ၏သွေးကဲ့သို့ဖြစ်သွား၍ ပင်လယ်ထဲ၌ရှိသော သက်ရှိသတ္တဝါအားလုံးသေကြ၏။