ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ဆာလံ 49:20 - မြန်မာ့စံမီသမ္မာကျမ်း လူသည် ဂုဏ်အရှိန်အဝါ၌ရှိသော်လည်း အသိဉာဏ်မရှိလျှင် သေကျေပျက်စီးတတ်သောတိရစ္ဆာန်များနှင့်တူ၏။ Common Language Bible လူသည်စည်းစိမ်ချမ်းသာခံစားရသော်လည်း တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။ Garrad Bible ဉာဏ် ကင်း သော လူ သည်၊ စည်း စိမ် ချမ်း သာ ခံ စား သော် လည်း၊ ပျက် စီး တတ် သော တိ ရ စ္ဆာန် ထပ် တူ ရှိ လေ စွ တ ကား။ Judson Bible ဂုဏ်အသရေနှင့် ပြည့်စုံလျက် ပညာသတိမရှိသောသူသည်ကား၊ ပျက်စီးခြင်းသို့ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။ |
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။
သို့သော် လူသည် ဂုဏ်အရှိန်အဝါ၌ တည်မြဲရသည်မဟုတ်။ သူသည် သေကျေပျက်စီးတတ်သောတိရစ္ဆာန်နှင့်တူ၏။
သို့ဖြစ်၍ လူသည် နှစ်ပေါင်းများစွာအသက်ရှင်လျှင် ထိုနှစ်ကာလအားလုံး၌ ဝမ်းမြောက်ခြင်းရှိပါစေ။ သို့သော် မှောင်မိုက်သောနေ့ရက်များသည်လည်း များစွာရှိမည်ဖြစ်ကြောင်း အောက်မေ့ပါစေ။ ဖြစ်လာမည့်အရာအားလုံးတို့သည် အချည်းနှီးဖြစ်ကြ၏။