ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ဆာလံ 122:3 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့ကို ကျစ်လျစ်စုစည်းသောမြို့အဖြစ် တည်ဆောက်ထား၏။ Common Language Bible ယေရုရှလင်မြို့သည်တင့်တယ်လျောက်ပတ်စွာ ပြန်လည်တည်ဆောက်ထားသောမြို့ဖြစ်ပေ၏။ Garrad Bible အို ယေ ရု ရှ လင် မြို့၊ သင် ကား ဣ သ ရေ လ လူ မျိုး အ ဖို့ သက် သေ အ ဖြစ် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ချီး မွမ်း ခြင်း ငှာ၊ အ နွယ် တို့ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ အ နွယ် တော် တို့ တက် ဝင် ကြ ရာ၊ သိပ် သည်း စွာ ပြု ပြင် ပြီး မြို့ ပေ တည်း။ Judson Bible ယေရုရှလင်မြို့သည် စေ့စပ်သောမြို့ကဲ့သို့ တည်၏။ |
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
မြို့ရိုးကို ပြန်လည်တည်ဆောက်ရာတွင် တည်ဆောက်သူတို့သည် စိတ်အားထက်သန်စွာလုပ်ဆောင်သောကြောင့် မြို့ရိုးတစ်ခုလုံးအမြင့် တစ်ဝက်တိုင်အောင် ပြီးစီးလေ၏။
ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။