အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုထောက်မတော်မူပါ။ အကျွန်ုပ်၏မျှော်လင့်ချက်အတွက် အရှက်မကွဲရပါစေနှင့်။
ဆာလံ 119:133 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်၏ခြေလှမ်းတို့ကို မြဲမြံစေတော်မူပါ။ မည်သည့်အပြစ်ဒုစရိုက်မျှ အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ Common Language Bible ကတိတော်ရှိသည့်အတိုင်းကွန်တော်မျိုး မလဲစိမ့်သောငှာစောင့်ထိန်းတော်မူပါ။ အပြစ်ဒုစရိုက်သည်ကွန်တော်မျိုးအား အစိုးမရပါစေနှင့်။ Garrad Bible ဗျာ ဒိတ် တော် လမ်း၌၊ အ ကျွန်ုပ် ခြေ ရာ များ ကို စီ စဉ် တော် မူ၍၊ ဒု စ ရိုက် အုပ် စိုး ခြင်း ကို အ လျှင်း မ ခံ ရ ပါ စေ နှင့်။ Judson Bible မိန့်တော်မူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်။ |
အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုထောက်မတော်မူပါ။ အကျွန်ုပ်၏မျှော်လင့်ချက်အတွက် အရှက်မကွဲရပါစေနှင့်။
ကိုယ်တော်သည် သင်၏ခြေကိုချော်စေတော်မမူ။ သင့်ကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းခြင်းရှိတော်မမူ။
အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။ အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
အကျွန်ုပ်တို့၏ဘုရားသခင်ကို ချီးမွမ်းရာသီချင်းအသစ်ကိုလည်း အကျွန်ုပ်၏နှုတ်၌ သွင်းပေးတော်မူ၏။ များစွာသောလူတို့သည် မြင်၍ကြောက်ရွံ့လျက် ထာဝရဘုရားကို ယုံကြည်ကိုးစားကြလိမ့်မည်။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။