ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
ဆာလံ 114:4 - မြန်မာ့စံမီသမ္မာကျမ်း တောင်တို့သည် သိုးထီးကဲ့သို့လည်းကောင်း၊ တောင်ကုန်းတို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။ Common Language Bible တောင်ကြီးတို့သည်ဆိတ်များကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည်သိုးများကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။ Garrad Bible ကုန်း များ သည် သိုး ငယ် ကဲ့ သို့ လည်း ကောင်း၊ ခုန် ပေါက် ကြ ၏။ Judson Bible တောင်ကြီးတို့သည် သိုးကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ကြ၏။ |
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
ကိုယ်တော်သည် လက်ဘနွန်ကို နွားသငယ်ကဲ့သို့လည်းကောင်း၊ စိရုန်ကို နွားရိုင်းကလေးကဲ့သို့လည်းကောင်း ခုန်ပေါက်စေတော်မူ၏။
အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။
တောင်ထိပ်များစွာရှိသောတောင်တို့၊ ဘုရားသခင်သည် မိမိစံပယ်ရာအရပ် ဖြစ်စေလိုသောတောင်ကို သင်တို့သည် အဘယ်ကြောင့်မနာလိုစိတ်နှင့်ကြည့်နေကြသနည်း။ အမှန်စင်စစ် ထာဝရဘုရားသည် ထိုအရပ်၌ အစဉ်ကိန်းဝပ်တော်မူလိမ့်မည်။
ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အောင်ပွဲခံမြင်းတော်၊ ရထားတော်တို့ကို စီးတော်မူသည်မှာ ချောင်းတို့ကို စိတ်ဆိုး၍လော။ မြစ်တို့ကို အမျက်ထွက်၍လော။ ပင်လယ်ကို ဒေါသထွက်၍လော။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။