ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
ဂလာတိ 3:23 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါတို့သည် ယုံကြည်ခြင်းတရားရောက်မလာမီ ပညတ်တရားအောက်၌ စောင့်ရှောက်ခြင်းခံရလျက် ယုံကြည်ခြင်းတရားထင်ရှားလာသည့်အထိ ချုပ်နှောင်ထားခြင်းခံရကြ၏။ Common Language Bible ယုံကြည်ခြင်းတရားမပေါ်မီငါတို့သည်ပေါ် လာမည့်ယုံကြည်ခြင်းတရားလက်ထက်တိုင် အောင် ပညတ်တရား၏အကျဉ်းသားအဖြစ် ချုပ်နှောင်ခြင်းကိုခံရကြ၏။- Garrad Bible ယုံ ကြည် ခြင်း တ ရား မ ရောက် မီ ငါ တို့ သည် ထင် ရှား မည့် ယုံ ကြည် ခြင်း တ ရား လက် ထက် တိုင် အောင် ပ ညတ် တ ရား အောက် အ ကျဉ်း ချ လျက် အ စောင့် အ ကြပ် ခံ ရ သည့် အ လျောက်၊ Judson Bible ယုံကြည်ခြင်းတရားမရောက်မီ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတ္တံ့သော ယုံကြည်ခြင်းတရားကို မျှော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းတရား မရှိမီအချိန်က ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတရား ပေါ်လာသည်အထိ ပညတ်တရားအောက်၌ အကျဉ်းသားများအဖြစ် ချုပ်နှောင်ခံခဲ့ကြရ၏။ |
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
သို့ဖြစ်လျှင် ပညတ်တရားသည် အဘယ်ကြောင့်ရှိရသနည်း။ ၎င်းသည် ကတိတော်ကိုခံရသောအမျိုးအနွယ်ပေါ်ထွန်းသည်အထိ ဖောက်ဖျက်ကျူးလွန်မှုများကြောင့် ဖြည့်စွက်ထားခြင်းခံရပြီး ကောင်းကင်တမန်များမှတစ်ဆင့် ကြားဝင်စေ့စပ်သူအားဖြင့် ပြဋ္ဌာန်းခြင်းခံရ၏။
ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။
သို့ရာတွင် ဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကိုခံရလျှင် သင်တို့သည် ပညတ်တရားအောက်၌ ရှိကြသည်မဟုတ်။
ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။