နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။
ကမ္ဘာဦး 9:18 - မြန်မာ့စံမီသမ္မာကျမ်း သင်္ဘောထဲမှထွက်လာသော နောဧ၏သားများမှာ ရှေမ၊ ဟာမ၊ ယာဖက် တို့ဖြစ်ကြ၏။ ဟာမသည် ခါနာန်၏ဖခင်ဖြစ်၏။ Common Language Bible သင်္ဘောထဲမှထွက်လာခဲ့ကြသောနောဧ၏သားများမှာရှေမ၊ ဟာမနှင့်ယာဖက်တို့ဖြစ်ကြ၏။ (ဟာမသည်ခါနာန်၏အဖဖြစ်၏။-) Garrad Bible သင်္ဘော တွင်း မှ ထွက် ဆင်း သော နော ဧ သား တို့ ကား ရှေ မ၊ ဟာ မ၊ ယာ ဖက် တို့ တည်း။ ဟာ မ သည် ခါ နာန်၏ အ ဘ ဖြစ် ၏။ Judson Bible သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။ |
နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။
ထို့နောက် ဘုရားသခင်က “ဤသည်ကား ငါနှင့် မြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကြား၌ ငါတည်စေသောပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်၏”ဟု နောဧအား မိန့်တော်မူ၏။
ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ မိမိတို့ပခုံးပေါ်မှာတင်ပြီးလျှင် ကျောခိုင်းဝင်လာကြပြီး မိမိတို့ဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ဖုံးပေးကြ၏။ သူတို့သည် မျက်နှာကိုလွှဲထားသည်ဖြစ်၍ မိမိတို့ဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို မမြင်ရပေ။