တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကို သင်္ဘောမှလွှတ်ပြန်လေ၏။
ကမ္ဘာဦး 8:12 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကိုလွှတ်ပြန်ရာ သူ့ထံသို့ပြန်မလာတော့ပေ။ Common Language Bible နောဧသည်ခုနစ်ရက်ထပ်၍စောင့်ဆိုင်းနေပြီး နောက် ထိုချိုးငှက်ကိုအပြင်သို့လွှတ်လိုက်ပြန် ရာဤတစ်ကြိမ်တွင်ပြန်၍မလာတော့ချေ။ Garrad Bible ခု နစ် ရက် ထပ် မံ စောင့် ဆိုင်း ပြီး လျှင် ၎င်း ခို ကို လွှတ် ရာ နောက် တစ် ဖန် မ ပြန် မ လာ ဘဲ နေ ၏။ Judson Bible မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တစ်ဖန်ချိုးသည် မပြန်မလာနေ၏။ |
တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကို သင်္ဘောမှလွှတ်ပြန်လေ၏။
နေဝင်ချိန်၌ ချိုးငှက်သည် နောဧထံသို့ပြန်လာ၏။ သူ၏နှုတ်သီး၌ လောလောလတ်လတ်ဆိတ်ယူလာသော သံလွင်ရွက်ပါလာ၏။ ထိုအခါ နောဧသည် မြေကြီးပေါ်မှာ ရေလျော့ကျသွားပြီဖြစ်ကြောင်းသိလေ၏။
ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။ ထာဝရဘုရားကို စောင့်မျှော်လော့။
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။
ယာကုပ်အမျိုးအနွယ်ထံမှ မျက်နှာလွှဲတော်မူသောထာဝရဘုရားကို ငါမျှော်လင့်စောင့်စားမည်။
အို မောဘပြည်သားတို့၊ ချောက်ကမ်းပါး၌ အသိုက်ကိုလုပ်တတ်သော ချိုးငှက်ကဲ့သို့ မြို့တို့ကိုစွန့်၍ ကျောက်ဆောင်၌နေထိုင်ကြလော့။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။