တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။
တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
သား ယဉ် သား ရဲ အ မျိုး အ လိုက်၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ မျိုး အ လိုက်၊ ပျံ တတ် သော ကြက် ငှက် တည်း ဟူ သော လေ သ တ္တ ဝါ မျိုး အ လိုက်၊
သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊
ဘုရားသခင်သည် ကြီးမားသောပင်လယ်သတ္တဝါများနှင့် ရေ၌ပြည့်နှက်နေသည့် လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအမျိုးမျိုးတို့ကို အမျိုးအလိုက်၊ တောင်ပံရှိသောငှက်အမျိုးမျိုးတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
တစ်ဖန် ဘုရားသခင်က “မြေကြီးသည် သက်ရှိသတ္တဝါကို အမျိုးအလိုက် ပေါက်ဖွားစေ။ ယဉ်ပါးသောတိရစ္ဆာန်၊ တွားသွားသောတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်တို့ကို အမျိုးအလိုက် ပေါက်ဖွားစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။
ထိုနေ့၌ပင် နောဧနှင့် နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့မှစ၍ နောဧ၏မယားနှင့် ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။
ဤသို့ဖြင့် သက်ရှိသတ္တဝါအပေါင်းတို့သည် တစ်စုံစီ၊ တစ်စုံစီ နောဧရှိရာသင်္ဘောထဲသို့ ဝင်ကြ၏။