ယာကုပ်ချွေးမများကိုထည့်မတွက်ဘဲ ယာကုပ်နှင့်အတူ အီဂျစ်ပြည်သို့ရောက်လာသည့် ယာကုပ်မှဆင်းသက်လာသူအားလုံး စုစုပေါင်းခြောက်ဆယ့်ခြောက်ယောက်ရှိ၏။
ယာကုပ်၏ချွေးမများမှအပအီဂျစ်ပြည် သို့သွားရောက်သောယာကုပ်၏သွေးရင်းသား ရင်းစုစုပေါင်းမှာခြောက်ဆယ့်ခြောက်ယောက် ရှိသတည်း။-
လူ ပေါင်း ခု နစ် ယောက် တည်း။ ယာ ကုပ် မှ ဆင်း သက်၍ အိ ဂျစ် ပြည် သို့ လာ ရောက် သော လူ ပေါင်း ကား ချွေး မ များ ကို ချန် လှပ်၍ ခြောက် ဆယ့် ခြောက် ယောက် တို့ တည်း။
ယာကုပ်ချွေးမများကိုမဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
တစ်ဖန် ဘုရားသခင်က “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ တိုးပွားများပြားလော့။ သင့်ထံမှ လူမျိုးတစ်မျိုးသာမက လူမျိုးပေါင်းများစွာ ဆင်းသက်လာကြလိမ့်မည်။ သင်၏အမျိုးအနွယ်ထဲမှ ရှင်ဘုရင်များလည်း ပေါ်ထွန်းလိမ့်မည်။
အီဂျစ်ပြည်သို့ရောက်လာကြသော အစ္စရေး၏သားတို့အမည်များကား ဤသို့တည်း။ ယာကုပ်နှင့်အတူ မိသားစုအလိုက် ရောက်လာသောသူများမှာ
ယာကုပ်မှ ဆင်းသက်လာသောသူ စုစုပေါင်း အယောက်ခုနစ်ဆယ်ရှိ၏။ ယောသပ်ကား အီဂျစ်ပြည်၌ရှိနှင့်၏။
ထို့နောက် ယောသပ်သည် လူလွှတ်၍ မိမိ၏ဖခင်ယာကုပ်နှင့်တကွ ခုနစ်ဆယ့်ငါးယောက်ရှိသော ဆွေမျိုးသားချင်းအားလုံးကို ခေါ်လေ၏။
သင်၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ဆင်းသွားသောအခါ အယောက်ခုနစ်ဆယ်သာရှိ၏။ ယခုမှာ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေတော်မူပြီ။
ဂိဒေါင်သည် မယား များစွာယူထားသောကြောင့် သားအရင်း အယောက်ခုနစ်ဆယ်ရှိ၏။