သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 37:1 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် မိမိဖခင်တည်းခိုနေထိုင်ရာပြည်ဖြစ်သည့် ခါနာန်ပြည်၌ နေထိုင်၏။ Common Language Bible ယာကုပ်သည်သူ၏ဖခင်နေထိုင်ရာ ခါနာန် ပြည်တွင် ဆက်လက်နေထိုင်လေ၏။- Garrad Bible အ ဘ တည်း ခို ရာ၊ ခါ နာန် ပြည် တွင် နေ သော ယာ ကုပ်၏ အ တ္ထု ပ္ပ တ္တိ ဟူ မူ ကား၊ Judson Bible ယာကုပ်သည် မိမိအဘတည်းခိုရာခါနာန်ပြည်၌နေ၏။ |
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
“အကျွန်ုပ်သည် သင်တို့တွင် တိုင်းတစ်ပါးသားဧည့်သည်ဖြစ်ပါ၏။ အကျွန်ုပ်မယား၏အလောင်းကို ထုတ်သွား၍သင်္ဂြိုဟ်ရန် သင်တို့ပိုင်သောသင်္ချိုင်းမြေကို အကျွန်ုပ်အား ရောင်းပေးပါ”ဟု ဆို၏။
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် အာဗြဟံအား ဘုရားသခင်ပေးတော်မူသောပြည်ကို သင်ပိုင်ဆိုင်ရမည့်အကြောင်း အာဗြဟံအား ပေးတော်မူသောကောင်းချီးမင်္ဂလာကို ကိုယ်တော်သည် သင်နှင့်တကွ သင်နှင့်အတူရှိသော သင်၏သားမြေးတို့အား ပေးတော်မူပါစေသော”ဟု ကောင်းချီးပေးလျက် မှာကြားလေ၏။
သူကြီးမာဂဒေလ၊ သူကြီးဣရံ တို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့ပိုင်ဆိုင်ရာပြည်၊ မိမိတို့နေရပ်အလိုက် ဧဒုံသူကြီးများဖြစ်ကြ၏။ ဧသောသည် ဧဒုံလူမျိုးတို့၏ဘိုးဘေးဖြစ်၏။
အကြောင်းမူကား သူတို့၏ဥစ္စာများလွန်း၍ သူတို့သည် အတူမနေထိုင်နိုင်ပေ။ သူတို့၏တိရစ္ဆာန်များအတွက်လည်း သူတို့တည်းခိုနေထိုင်သောပြည်၌ စားကျက်မြေမလုံလောက်ပေ။