တစ်ဖန် ဘုရားသခင်က အာဗြဟံအား “သင်၏မယား စာရဲ ကိုကား သူ၏အမည်ကို စာရဲ ဟုမခေါ်ရ။ သူ၏အမည်မှာ စာရာ ဖြစ်ရမည်။
ကမ္ဘာဦး 35:10 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်က “သင်၏အမည်သည် ယာကုပ် ဖြစ်၏။ သို့သော် သင့်ကို ယာကုပ် ဟုခေါ်တော့မည်မဟုတ်။ ယခုမှစ၍ သင်၏အမည်သည် အစ္စရေး ဖြစ်ရမည်”ဟု သူ့အားမိန့်တော်မူလျက် သူ၏အမည်ကို အစ္စရေး ဟုမှည့်ခေါ်တော်မူ၏။ Common Language Bible ``သင်၏နာမည်သည်ယာကုပ်ဖြစ်၏။ သို့ရာတွင် ယခုမှစ၍သင်၏နာမည်ကိုဣသရေလဟူ၍ ခေါ်ရမည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်ယာကုပ်အားဣသရေလနာမည် ဖြင့်သမုတ်တော်မူ၏။- Garrad Bible သင့် အ မည် ကား ယာ ကုပ် ဖြစ်၏။ ယာ ကုပ် ဟူ၍ ထပ် မံ မ ခေါ် ရ။ ဣ သ ရေ လ ဟူ၍ ခေါ် ရ ကြ မည် ဟု မိန့် တော် မူ လျက် ဣ သ ရေ လ အ မည် ဖြင့် သ မုတ် တော် မူ ၏။ Judson Bible သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။ |
တစ်ဖန် ဘုရားသခင်က အာဗြဟံအား “သင်၏မယား စာရဲ ကိုကား သူ၏အမည်ကို စာရဲ ဟုမခေါ်ရ။ သူ၏အမည်မှာ စာရာ ဖြစ်ရမည်။
သင်၏အမည်ကို နောက်တစ်ဖန် အာဗြံဟုမခေါ်ရ။ သင်၏အမည်သည် အာဗြဟံဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ။
ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
“သင့်အမည်ကား အစ္စရေးဖြစ်ရမည်”ဟု ထာဝရဘုရား၏မိန့်ဆိုခြင်းကိုခံရသောယာကုပ်မှ ဆင်းသက်လာသောအမျိုးအနွယ်အရေအတွက်အတိုင်း ဧလိယသည် ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူ၍
ယနေ့ထိတိုင်အောင် ဓလေ့ထုံးတမ်းဟောင်းများအတိုင်း ပြုကျင့်လျက်နေကြ၏။ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းအလျှင်းမရှိ။ အစ္စရေးဟု အမည်ရသောယာကုပ်၏သားတို့အား ထာဝရဘုရားမိန့်မှာထားတော်မူသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များ စသည်တို့ကိုလည်း မလိုက်နာကြပေ။
ကောင်းကင်တမန်နှင့် ပြိုင်၍အနိုင်ရခဲ့၏။ ကိုယ်တော့်ထံ ငိုကြွေး၍ ကောင်းချီးတောင်းခံခဲ့၏။ ဗေသလမြို့တွင် ကိုယ်တော်နှင့်တွေ့၏။ ထိုအရပ်တွင် ကိုယ်တော်သည် ငါတို့နှင့် စကားပြောဆိုခဲ့၏။