၄ ရာ 9:25 - မြန်မာ့စံမီသမ္မာကျမ်း25 ယေဟုကလည်း မိမိတပ်မှူးဗိဒကအား “သူ့ကို မ၍ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ပစ်ချလော့။ သင်နှင့်အကျွန်ုပ် သူ့ခမည်းတော်အာဟပ်မင်းကြီးနောက်မှ ရထားလိုက်စီးစဉ်က သူနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူခဲ့သည့်ဤဗျာဒိတ်စကားကို မှတ်မိသလော။ Ver CapítuloCommon Language Bible25-26 ထိုအခါယေဟုသည်မိမိ၏ရထားမှူး ဗိဒကအား``သူ၏အလောင်းကိုယူ၍နာဗုတ် မြေကွက်ထဲသို့ပစ်ချလော့။ ယောရံမင်း၏ဖခင် အာဟပ်နောက်မှ သင်နှင့်ငါမြင်းစီး၍လိုက် လာစဉ်အခါ၌ ထာဝရဘုရားကအာဟပ် အား`ယမန်နေ့ကနာဗုတ်နှင့်သားများအား သတ်သည့်အမှုကိုငါတွေ့မြင်ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားထိုမြေကွက်ထဲ၌ပင် အပြစ် ဒဏ်စီရင်မည်' ဟုမိန့်တော်မူသည်ကိုသတိ ရလျက် ထာဝရဘုရားမိန့်ကြားတော်မူခဲ့ သည့်အတိုင်း ယောရံ၏အလောင်းကိုနာ ဗုတ်၏မြေကွက်ထဲသို့ပစ်ချလော့'' ဟုဆို ၏။ Ver CapítuloGarrad Bible25-26 ကိုယ့် စစ် ကဲ ဗိ ဒိ က အား ယေ ဟု က၊ ယေ ဇ ရေ လ မြို့ သား နာ ဗုတ် ပိုင် မြေ ကွက် တွင် အ လောင်း ကို ပစ် ချ လော့။ သူ့ ခ မည်း တော် အာ ဟပ် မင်း နောက် ငါ တို့ နှစ် ဦး စီး နင်း လိုက် ပါ စဉ် အ ခါ ထို မင်း ကို ရည်၍ နာ ဗုတ် နှင့် သား တို့၏ အ သွေး ကို ယ မန် တွင် ပင် ငါ မြင် ပြီ ဟူ၍ လည်း ကောင်း၊ ဤ မြေ ကွက်၌ ပင် သင့် ကို ငါ တုံ့ ဆပ် မည် ဟူ ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သော အ ချက် ကို အောက် မေ့ လျက် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း ထို မြေ ကွက် တွင် ပစ် ချ လော့ ဟု မိန့် ဆို လေ ၏။ Ver CapítuloJudson Bible25 ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့သား နာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။ Ver Capítulo |