Biblia Todo Logo
La Biblia Online
- Anuncios -




၄ ရာ 7:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သူ​တို့​သွား​၍ မြို့​တံခါးစောင့်​တို့​အား အော်ခေါ်​လျက် “​ငါ​တို့​သည် ဆီးရီးယား​တပ်စခန်း​သို့ ရောက်​ခဲ့​ပြီ​။ တပ်စခန်း​တွင် လူ​အရိပ်အယောင်​မ​တွေ့​၊ လူ​သံ​လည်း မ​ကြား​ရ​။ မြင်း​များ​၊ မြည်း​များ​ကို ချည်​ထား​၍ တဲ​များ​လည်း ဤအတိုင်း ရှိ​နေ​သည်​ကို တွေ့​ခဲ့​ရ​ပါ​၏”​ဟု သူ​တို့​အား ပြောပြ​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

10 ထို​နောက်​သူ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း​မှ​ထွက် ခွာ​၍​မြို့​သို့​သွား​ပြီး​လျှင် မြို့​တံ​ခါး​ရှိ​အ​စောင့် တပ်​သား​တို့​အား``ငါ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း သို့​သွား​ရောက်​ရာ​လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​မြင်​ခဲ့​ပါ။ လူ​သံ​ကို​လည်း​မ​ကြား​ခဲ့​ပါ။ မြင်း​များ​နှင့်​မြည်း​များ​သည်​ချည်​လျက်​ပင် ရှိ​ပါ​သည်။ တဲ​များ​မှာ​လည်း​ရှု​ရိ​အ​မျိုး​သား တို့​ထား​ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​ပါ​သည်'' ဟု အော်​ဟစ်​၍​ပြော​ကြား​ကြ​၏။

Ver Capítulo Copiar

Garrad Bible

10 ရှု ရိပ် တပ် သို့ ကျွန် တော် တို့ သွား ရောက် ရာ ချည် လျက်၊ စိုက် လျက် ရှိ သော မြင်း၊ မြည်း၊ တဲ ရှင် များ မှ တစ် ပါး၊ လူ တစ် စုံ တစ် ယောက် ကို မျှ မ တွေ့။ အ သံ ကို လည်း မ ကြား ပါ ဟု မြို့ တံ ခါး စောင့် တို့ ထံ သွား ရောက် ဟစ် ဆို ဖော် ပြ သော်၊

Ver Capítulo Copiar

Judson Bible

10 မြို့​သို့​သွား၍ တံ​ခါး​ပြင်၌ ဟစ်​ခေါ်​လျက်၊ ငါ​တို့​သည် ရှု​ရိ​တပ်​သို့​ရောက်၍ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့။ လူ​သံ​ကို​မ​ကြား။ မြင်း၊ မြည်း​တို့​ကို ချည်​နှောင်​လျက်၊ တဲ​များ​လည်း တတ်​တိုင်း​ရှိ​သည်​ကို​တွေ့​ပါ၏​ဟု ကြား​ပြော​သည်​အ​တိုင်း၊

Ver Capítulo Copiar




၄ ရာ 7:10
9 Referencias Cruzadas  

ကင်းစောင့်​သည် နောက်ထပ်​လူ​တစ်​ယောက် ပြေးလာ​နေ​သည်​ကို မြင်​ပြန်​သဖြင့် တံခါးစောင့်​အား “ကြည့်​ပါ​။ လူ​တစ်​ယောက် ထပ်ပြေး​လာ​နေ​ပါ​သည်”​ဟု အော်ပြော​လျှင် ရှင်ဘုရင်​က “​သူ​၌​လည်း သတင်း​ပါလာ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


တံခါးစောင့်​တို့​လည်း ဘုရင့်​နန်းတော်​သို့ အော်ဟစ်​သတင်းပို့​လေ​၏​။


သို့သော် သူ​တို့​က “​ငါ​တို့ ဤသို့ မ​ပြု​သင့်​။ ဤ​နေ့​၌ သတင်းကောင်း​ရှိ​နေ​လျက်ပင် ငါ​တို့​မ​ပြော​ဘဲ နံနက်​မိုးလင်းချိန်​အထိ​စောင့်​၍ တိတ်ဆိတ်​နေ​မည်​ဆိုလျှင် ငါ​တို့​အပြစ် ဖြစ်​တော့​မည်​။ ထို့ကြောင့် ယခု ငါ​တို့ ဘုရင့်​နန်းတော်​သို့​သွား​၍ ဤ​အကြောင်း​ကို သွားပြော​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင်


ဒုတိယ​အုပ်စု​တွင် သူ​တို့​၏​ဆွေမျိုးသားချင်း​များ​ဖြစ်​သော ဇာခရိ​၊ ဗင်​၊ ယာဇေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ ဥန္နိ​၊ ဧလျာဘ​၊ ဗေနာယ​၊ မာသေယ​၊ မတ္တိသိ​၊ ဧလိဖလေ​၊ မိတ်နေယ​၊ တံခါးစောင့်​ဩဗဒေဒုံ​နှင့်​ယေယေလ တို့​ကို​ခွဲခန့်​ထား​၏​။


ဩဗဒေဒုံ​နှင့်​သူ​၏​ဆွေမျိုးသားချင်း​ခြောက်ဆယ့်​ရှစ်​ယောက်​လည်း ပါ​၏​။ ယေဒုသုန်​၏​သား ဩဗဒေဒုံ​နှင့် ဟောသ​တို့​ကို တံခါးစောင့်​အဖြစ် ချထား​၏​။


တစ်စုံတစ်ရာ​ကြောင့် ညစ်ညူး​သော​သူ​တို့ မ​ဝင်ရောက်​နိုင်​စေရန် ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​တွင် တံခါးစောင့်​များ​ကို ချထား​၏​။


ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင် အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။ ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင် စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos