၄ ရာ 6:21 - မြန်မာ့စံမီသမ္မာကျမ်း21 အစ္စရေးဘုရင်သည် သူတို့ကိုမြင်သောအခါ ဧလိရှဲအား “အို အကျွန်ုပ်၏အဖ၊ သူတို့ကို သတ်ရပါမည်လော။ သတ်ရပါမည်လော”ဟု မေးလျှင် Ver CapítuloCommon Language Bible21 ဣသရေလဘုရင်သည်ရှရိအမျိုးသားတို့ ကိုတွေ့သောအခါ ဧလိရှဲအား``အရှင်၊ သူတို့ အားသတ်ရပါမည်လော။ သူတို့အားသတ်ရ ပါမည်လော'' ဟုမေးတော်မူ၏။ Ver CapítuloGarrad Bible21 ဣ သ ရေ လ ဘု ရင် သိ မြင် သော်၊ အို အ ဘ၊ ကွပ် ရ မည် လော ဟု ဧ လိ ရှဲ အား မေး လျှင် မ ကွပ် နှင့်။ Ver CapítuloJudson Bible21 ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကို ဓားနှင့်သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊ Ver Capítulo |
ထို့ကြောင့် ဟာဇေလသည် ဒမတ်စကပ်မြို့ထွက်အကောင်းဆုံးပစ္စည်းအမျိုးမျိုးကို ကုလားအုတ်အစီးလေးဆယ်ပေါ်တင်ပြီး လက်ဆောင်အဖြစ် ယူသွားကာ ဘုရားသခင်၏လူကို သွားတွေ့၏။ သူသည် ဘုရားသခင်၏လူထံ ရောက်သောအခါ ရှေ့မှောက်၌ ရပ်လျက် “အရှင့်သားဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးက ‘ဤဝေဒနာမှ ပြန်ကောင်းလာပါမည်လော’ဟူ၍ အကျွန်ုပ်အား မေးလျှောက်စေပါ၏”ဟု လျှောက်၏။
ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။