၄ ရာ 5:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထိုအခါ နေမန်က “သို့ပြုလျှင် အရှင့်အစေအပါးအား လားနှစ်စီးတင်နိုင်သောမြေကို ပေးပါ။ အရှင့်အစေအပါးသည် ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများထံ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာကို ပူဇော်တော့မည်မဟုတ်ပါ။ Ver CapítuloCommon Language Bible17 သို့ဖြစ်၍နေမန်က``အကျွန်ုပ်ပေးလှူသောလက် ဆောင်ကိုအရှင်လက်မခံပါမူ လားနှစ်စီးတင် မြေကိုအကျွန်ုပ်၏နေရင်းပြည်သို့ယူဆောင် သွားခွင့်ပြုတော်မူပါ။ အဘယ်ကြောင့်ဆိုသော်ယခုမှစ၍အကျွန်ုပ် သည် ဘုရားသခင်မှတစ်ပါးအခြားအဘယ် ဘုရားကိုမျှ မီးရှို့ရာယဇ်သို့မဟုတ်အခြား အဘယ်ယဇ်ကိုမျှပူဇော်တော့မည်မဟုတ် သောကြောင့်ဖြစ်ပါ၏။- Ver CapítuloGarrad Bible17 နေ မန် က လည်း၊ သို့ ဖြစ် လျှင် ကျွန် တော် မျိုး အား လား နှစ် စီး တင် မြေ ကို ပေး သ နား တော် မူ ပါ။ ထာ ဝ ရ ဘု ရား မှ တစ် ပါး အ ခြား ဘု ရား အား မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ပူ ဇော် တော့ မည် မ ဟုတ် ပါ။ Ver CapítuloJudson Bible17 နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန်သည် မြည်းနှစ်စီးနှင့်တင်၍ မြေအနည်းငယ်ကို ယူပါရစေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားအား နောက်တစ်ဖန် မပူဇော်ပါ။ Ver Capítulo |
ထာဝရဘုရား၏အစေအပါးပြုသော ဤအမှုအတွက် ခွင့်လွှတ်တော်မူပါ။ အကျွန်ုပ်၏သခင်သည် ရိမ္မုန်ဝတ်ကျောင်းသို့သွား၍ ပျပ်ဝပ်ကိုးကွယ်သောအခါ သူသည် အကျွန်ုပ်၏လက်ကိုမှီသဖြင့် အကျွန်ုပ်သည်လည်း ရိမ္မုန်ဝတ်ကျောင်း၌ ပျပ်ဝပ်ရပါ၏။ ရိမ္မုန်ဝတ်ကျောင်း၌ အကျွန်ုပ်ပျပ်ဝပ်သောအမှုအတွက် ထာဝရဘုရားသည် အရှင့်အစေအပါးကို ခွင့်လွှတ်တော်မူပါစေသော”ဟု ဆို၏။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။