Biblia Todo Logo
La Biblia Online
- Anuncios -




၄ ရာ 4:41 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 ထိုအခါ ဧလိရှဲ​က “​မုန့်ညက်​အနည်းငယ် ယူ​ခဲ့​ပါ​”​ဟု​ဆို​ပြီး အိုး​ထဲသို့​ထည့်​လိုက်​၏​။ ထို့နောက် “​လူ​တို့​စား​ဖို့ ခပ်ထည့်​ပေး​လော့​”​ဟု ဆို​လျှင် အိုး​ထဲမှ​ဟင်း​သည် ဘေး​မ​ဖြစ်စေ​တော့​ချေ​။

Ver Capítulo Copiar

Common Language Bible

41 ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။

Ver Capítulo Copiar

Garrad Bible

41 ဧ လိ ရှဲ က၊ မုန့် ညက် ကို ယူ ခဲ့ ဟု ဆို လျက် ဖျဉ်း အိုး တွင် ခတ် ပြီး လျှင် ထို သူ တို့ စား သောက် ရန် ခပ် လောင်း ဦး လော့ ဟု ဆို ပြန် သော် ဖျဉ်း အိုး ၌ ဘေး ကင်း လေ ၏။

Ver Capítulo Copiar

Judson Bible

41 ဧ​လိ​ရှဲ​က​လည်း၊ မုန့်​ညက်​ကို​ယူ​ခဲ့​ဟု​ဆို၍ အိုး​ထဲ​မှာ​ခတ်​ပြီး​လျှင်၊ လူ​များ​စား​စ​ရာ​ဖို့ လောင်း​ဦး​လော့​ဟု​ဆို​ပြန်​သော်၊ အိုး၌​ဘေး​မ​ရှိ။

Ver Capítulo Copiar




၄ ရာ 4:41
7 Referencias Cruzadas  

ထို့နောက် ဧလိရှဲ​သည် စမ်းရေ​ထွက်​သော​နေရာ​သို့​သွား​၍ ထို​နေရာ​ကို​ဆားခတ်​ပြီးလျှင် “​ထာဝရဘုရား​က ‘​ဤ​ရေ​ကို ငါ​သန့်ရှင်း​စေ​ပြီ​။ နောက်တစ်ဖန် အပင်​သေ​ခြင်း​၊ မဖြစ်ထွန်း​ခြင်း မ​ရှိ​တော့​စေရ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။


ဧလိရှဲ​က သူ့​ထံ​လူ​လွှတ်​၍ “​ဂျော်ဒန်​မြစ်​သို့​သွား​ပြီး ခုနစ်​ကြိမ်​ရေချိုး​ပါ​။ သို့ပြုလျှင် သင့်​အသားအရေ​သည် ပြန်ကောင်း​လာ​ပြီး စင်ကြယ်​သွား​လိမ့်မည်​”​ဟု မှာလိုက်​၏​။


ထိုအခါ ဘုရားသခင်​၏​လူ​က “​မည်သည့်​နေရာ​တွင် ကျသွား​သနည်း​”​ဟု မေး​လျှင် ထို​သူ​က နေရာ​ကို​ညွှန်ပြပေး​သဖြင့် ဧလိရှဲ​သည် တုတ်​တစ်​ချောင်း​ကို​ခုတ်​၍ ထို​နေရာ​တွင်​ပစ်ချ​လိုက်​ရာ ပုဆိန်​မှာ ပေါလောပေါ်​လာ​လေ​၏​။


မောရှေ​သည်​လည်း ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ရာ ထာဝရဘုရား​သည် သူ့​အား သစ်တုံး​တစ်​တုံး​ကို ညွှန်ပြ​၏​။ သူ​သည် ထို​သစ်တုံး​ကို​ရေ​ထဲသို့ ပစ်ချ​လိုက်​သော် ရေ​သည်​ချို​လေ​၏​။ ထာဝရဘုရား​သည် ထို​အရပ်​၌ သူ​တို့​အတွက် ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စီရင်​တော်မူ​၏​။ ထို​အရပ်​၌ သူ​တို့​ကို စမ်းသပ်​တော်မူ​၏​။


ထိုသို့​မိန့်​တော်မူ​ပြီးနောက် မြေ​ပေါ်သို့​တံတွေး​ထွေး​၍ တံတွေး​နှင့်​ရွှံ့​လုပ်​ပြီးလျှင် မျက်မမြင်​၏​မျက်စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက်


သို့သော် ပေါလု​သည် ထို​သတ္တဝါ​ကို မီး​ထဲသို့​ခါချ​လျက် မည်သည့်​ဘေးဥပဒ်​မျှ မ​ခံစား​ရ​ချေ။


အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos