၄ ရာ 4:30 - မြန်မာ့စံမီသမ္မာကျမ်း30 သို့သော် သူငယ်၏မိခင်က “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်သည် အရှင့်ကို လက်မလွှတ်ပါ”ဟု ဆိုသဖြင့် ဧလိရှဲသည် ထ၍သူနှင့်လိုက်သွားလေ၏။ Ver CapítuloCommon Language Bible30 အမျိုးသမီးကဧလိရှဲအား``အသက်ရှင် တော်မူသောထာဝရဘုရားနှင့်အရှင်၏အပေါ် တွင်ကျွန်မထားရှိသောကျေးဇူးသစ္စာကိုတိုင် တည်၍ အရှင်မပါကကျွန်မသွားမည်မဟုတ် ပါ'' ဟုပြော၏။ သို့ဖြစ်၍ဧလိရှဲသည်ထ၍ သူနှင့်အတူလိုက်သွားလေသည်။- Ver CapítuloGarrad Bible30 သူ ငယ့် မိ ခင် က၊ ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း အ ရှင် မ ပါ က၊ တ ပည့် တော် မ သွား မည် မ ဟုတ် ပါ ဟု လျှောက် သည် နှင့် ဧ လိ ရှဲ လိုက် သွား လေ ၏။ Ver CapítuloJudson Bible30 အမိကလည်း၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော်နှင့်ကွာ၍ မသွားနိုင်ပါဟုဆိုလျှင်၊ ဧလိရှဲသည်ထ၍ လိုက်လေ၏။ Ver Capítulo |
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
တစ်ဖန် ဧလိယက “ဧလိရှဲ၊ ယခု ဤမြို့၌ နေခဲ့ပါတော့။ ထာဝရဘုရားက ငါ့ကို ဂျေရိခေါမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆို၏။ ဧလိရှဲကလည်း “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဂျေရိခေါမြို့သို့ သွားကြ၏။
တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။