၄ ရာ 3:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဤအမှုသည် ထာဝရဘုရားအဖို့ သေးငယ်သောအမှုသာဖြစ်၏။ မောဘလူမျိုးကိုလည်း သင်တို့လက်သို့ အပ်တော်မူလိမ့်မည်။ Ver CapítuloCommon Language Bible18 ထို့နောက်ဧလိရှဲသည်ဆက်၍``ဤအမှုသည် ထာဝရဘုရားပြုရန်လွယ်ကူသောအမှု ဖြစ်၏။ ကိုယ်တော်သည်မောဘပြည်သားတို့ အား သင်တို့၏လက်သို့အပ်တော်မူလိမ့်မည်။- Ver CapítuloGarrad Bible18 ထို အ မှု သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ အ သိမ် အ ဖျင်း မျှ သာ ဖြစ် သည် နှင့် မော ဘ လူ မျိုး တို့ ကို လည်း သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ မည် ဖြစ် ၍ Ver CapítuloJudson Bible18 ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမညအမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။ Ver Capítulo |
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။