၄ ရာ 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 ယောရှဖတ်မင်းကြီးက “ထာဝရဘုရား၏နှုတ်တော်ထွက်စကား သူ၌ရှိနိုင်သည်”ဟု ဆိုသဖြင့် အစ္စရေးဘုရင်အပါအဝင် ယောရှဖတ်မင်းကြီးနှင့် ဧဒုံဘုရင်တို့သည် ဧလိရှဲထံသို့ ဆင်းသွားကြ၏။ Ver CapítuloCommon Language Bible12 ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။ Ver CapítuloGarrad Bible12 ယော ရှ ဖတ် မင်း က၊ ထို သူ၌ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရှိ သည် ဟု ဆို၍ မင်း သုံး ပါး တို့ သည် ဧ လိ ရှဲ ထံ သွား ကြ ၏။ Ver CapítuloJudson Bible12 ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူ၌ရှိတော်မူသည်ဟု ဆိုလျက်၊ ရှင်ဘုရင်သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။ Ver Capítulo |
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။