၄ ရာ 25:25 - မြန်မာ့စံမီသမ္မာကျမ်း25 သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သားဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့သို့လာ၏။ သူတို့သည် ဂေဒလိအပါအဝင် ဂေဒလိနှင့်အတူနေသော ဂျူးလူမျိုးများနှင့် ခါလဒဲလူမျိုးများကိုပါ မိဇပါမြို့တွင် တိုက်ခိုက်သတ်ဖြတ်လေ၏။ Ver CapítuloCommon Language Bible25 သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။- Ver CapítuloGarrad Bible25 သ တ္တ မ လ တွင် မင်း မျိုး မင်း နွယ် ဖြစ် သူ၊ ဧ လိ ရှ မာ့ မြေး၊ နာ သ နိ သား၊ ဣ ရှ မေ လ သည် လူ တစ် ကျိပ် နှင့် လာ၍ ဂေ ဒ လိ နှင့် မိ ဇ ပါ မြို့ ရှိ အ ပေါင်း ပါ ယု ဒ လူ မျိုး၊ ခါ လ ဒဲ လူ မျိုး တို့ ကို လုပ် ကြံ သတ် ဖြတ် ပြီး လျှင် Ver CapítuloJudson Bible25 သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာသား နာသနိ၏သားဣရှမေလသည် လူတစ်ကျိပ်နှင့်တကွ လာ၍ ဂေဒလိကိုလည်းကောင်း၊ မိဇပါမြို့၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကိုလည်းကောင်း သေအောင်လုပ်ကြံလေ၏။ Ver Capítulo |
ထိုအခါ ကာရာ၏သားယောဟနန်က “နေသနိ၏သားဣရှမေလကို သွား၍သတ်ရသောအခွင့်ကို ပေးပါ။ မည်သူမျှ မသိစေရ။ အဘယ်ကြောင့် သူသည် သင့်ကိုသတ်၍ သင့်ကိုခိုလှုံလာသောယုဒလူအပေါင်းတို့ကို ကွဲလွင့်စေမည်နည်း။ အဘယ်ကြောင့် ယုဒပြည်၌ကြွင်းကျန်သောသူတို့ ပျက်စီးကြရမည်နည်း”ဟု ဂေဒလိအား မိဇပါမြို့၌ တိတ်တဆိတ်လျှောက်ဆို၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။