၄ ရာ 24:3 - မြန်မာ့စံမီသမ္မာကျမ်း3 မနာရှေမင်းကြီးပြုခဲ့သောအပြစ်များကြောင့် စကားတော်အတိုင်း ထာဝရဘုရားသည် ယုဒပြည်ကို ရှေ့တော်မှ ဖယ်ရှားရန် ဤသို့စီရင်ခြင်း ဖြစ်၏။ Ver CapítuloCommon Language Bible3-4 ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။ Ver CapítuloGarrad Bible3-4 ထာ ဝ ရ ဘု ရား ချမ်း သာ မ ပေး နိုင် လောက် အောင် ယေ ရု ရှ လင် မြို့ အ ပြည့် အ လျှံ၊ အ ပြစ် ကင်း သူ တို့ အ သွေး သွန်း မှု မှ စ၍ မ နာ ရှေ မင်း ပြု သ မျှ သော ပြစ် မှု များ အ တွက် ထာ ဝ ရ ဘု ရား စီ ရင် ချက် ချ တော် မူ သည့် အ တိုင်း ယု ဒ အ မျိုး ကို မျက် မှောက် တော် မှ ပယ် ရှား အံ့ သော ငှါ၊ ထို ဘေး သင့် ရောက် သ တည်း။ Ver CapítuloJudson Bible3-4 မနာရှေမင်းပြုမိသမျှသော အပြစ်၊ အသေမခံထိုက်သောသူတို့ကိုသတ်၍ သူတို့အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှာ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။ Ver Capítulo |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသော ကောင်းကျိုးဆိုင်ရာကတိတော်ဟူသမျှကို သင်တို့အပေါ်သက်ရောက်စေမည်ဖြစ်သကဲ့သို့ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် ဘေးအန္တရာယ်ရှိသမျှတို့ကို သင်တို့အပေါ်သို့သက်ရောက်စေတော်မူလိမ့်မည်။