၄ ရာ 22:8 - မြန်မာ့စံမီသမ္မာကျမ်း8 ယဇ်ပုရောဟိတ်မင်းဟိလခိသည် စာရေးတော်ကြီးရှာဖန်အား “ထာဝရဘုရား၏အိမ်တော်တွင် ဤပညတ်တရားကျမ်းကို ရှာတွေ့ပြီ”ဟုဆိုလျက် ဟိလခိသည် ထိုကျမ်းစာလိပ်ကိုရှာဖန်အား ပေးအပ်သဖြင့် ရှာဖန်လည်း ဖတ်ကြည့်လေ၏။ Ver CapítuloCommon Language Bible8 ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။- Ver CapítuloGarrad Bible8 ထို အ ခါ ပ ရော ဟိတ် မင်း ဟိ လ ခိ က၊ ပ ည တ္တိ ကျမ်း ကို ဗိ မာန် တော် တွင် ငါ တွေ့ ပြီ ဟု ဆို လျက် သံ တော် ဆင့် ရှာ ဖန် အား အပ် ရာ Ver CapítuloJudson Bible8 ယဇ်ပုရောဟိတ်မင်း ဟိလခိကလည်း၊ ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော်ရှာဖန်အား ဆိုလျက်၊ ကျမ်းစာကိုအပ်၍ စာရေးတော်ဖတ်၏။ Ver Capítulo |
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားအားလုံး၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များမှစ၍ ပြည်သူပြည်သားလူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ခဲ့သောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။
ယောရှိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့ရှိခဲ့သောကျမ်းတွင်ရေးသားထားသည့် ပညတ်တရားစကားတော်တို့ကို စောင့်ထိန်းရန် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တွင်တွေ့ရှိသော နတ်ဝင်သည်များ၊ နတ်ထိန်းများ၊ တေရပ်ရုပ်တုအပါအဝင်ရုပ်တုဆင်းတုများနှင့် စက်ဆုပ်ရွံရှာဖွယ်အရာအားလုံးတို့ကိုလည်း ဖယ်ရှားပစ်၏။