၄ ရာ 20:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုအခါ ဟေဇကိမင်းကြီးက ဟေရှာယအား “ထာဝရဘုရားက ငါ့ကိုပြန်ကျန်းမာစေပြီး သုံးရက်မြောက်လျှင် ထာဝရဘုရား၏အိမ်တော်သို့ ငါတက်သွားနိုင်မည့်နိမိတ်လက္ခဏာမှာ အဘယ်နည်း”ဟု မေးလေ၏။ Ver CapítuloCommon Language Bible8 မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။- Ver CapítuloGarrad Bible8 ဟေ ဇ ကိ မင်း က လည်း ထာ ဝ ရ ဘု ရား ချမ်း သာ ပေး တော် မူ၍ တ တိ ယ နေ့၌ ဗိ မာန် တော် သို့ တက် ဖူး ခွင့် သက် သေ လ က္ခ ဏာ ကား အ သို့ နည်း ဟု မေး ခဲ့ သည် ဖြစ်၍ Ver CapítuloJudson Bible8 ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကိုပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေးလျှင်၊ Ver Capítulo |
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ထိုအခါ ဟေရှာယက “ကတိထားတော်မူသည့်အတိုင်း ထာဝရဘုရား ပြုတော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားထံတော်မှ သင့်အတွက်နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ သင်သည် လှေကားထစ်မှ အချိန်တိုင်းအရိပ်ကို ရှေ့သို့ အထစ်တစ်ဆယ်တိုးစေလိုသလော၊ သို့မဟုတ် အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေလိုသလော”ဟု မေးလျှင်