၄ ရာ 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။ Ver CapítuloCommon Language Bible6 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။- Ver CapítuloGarrad Bible6 ဧ လိ ယ က လည်း၊ ဤ တွင် နေ ရစ် လော့။ ငါ့ ကို ယော် ဒန် မြစ် သို့ ထာ ဝ ရ ဘုရား စေ လွှတ် တော် မူ သည် ဟု ဆို လျှင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း တ ပည့် တော် သည် ကိုယ် တော် နှင့် မ ခွဲ ပါ ဟု ပြန် ပြော လျက် နှစ် ပါး လုံး ပင် ယော် ဒန် မြစ် ရောက် သွား မြဲ သွား ၍ ရပ် နေ ကြ ရာ Ver CapítuloJudson Bible6 ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော်မူသည်ဟု ဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် အတူသွားကြ၏။ Ver Capítulo |
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။