၄ ရာ 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 တစ်ဖန် ဧလိယက “ဧလိရှဲ၊ ယခု ဤမြို့၌ နေခဲ့ပါတော့။ ထာဝရဘုရားက ငါ့ကို ဂျေရိခေါမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆို၏။ ဧလိရှဲကလည်း “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဂျေရိခေါမြို့သို့ သွားကြ၏။ Ver CapítuloCommon Language Bible4 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤအရပ် တွင်နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယေရိခေါမြို့သို့စေလွှတ်တော်မူသည်'' ဟုဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေ၏။ သို့ ဖြစ်၍သူတို့သည်ယေရိခေါမြို့သို့သွား ကြ၏။ Ver CapítuloGarrad Bible4 ဧ လိ ယ က လည်း၊ အို ဧ လိ ရှဲ၊ ဤ တွင် နေ ရစ် လော့။ ငါ့ ကို ယေ ရိ ခေါ မြို့ သို့ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် ဟု ဆို လျှင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း တ ပည့် တော် သည် ကိုယ် တော် နှင့် မ ခွဲ ပါ ဟု ပြန် ပြော လျက် ယေ ရိ ခေါ မြို့ ရောက် သွား ကြ ၏။ Ver CapítuloJudson Bible4 ဧလိယကလည်း၊ အို ဧလိရှဲ၊ ဤအရပ်၌နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့သွားကြ၏။ Ver Capítulo |
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။