၄ ရာ 2:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဧလိယကိုယ်မှကျကျန်ခဲ့သောအဝတ်ကိုယူ၍ ရေကိုရိုက်ပြီး “ဧလိယ၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာနည်း”ဟု ဆို၏။ ထိုသို့ ရေကိုရိုက်သောအခါ ရေသည် ထက်ခြမ်းကွဲသွားသဖြင့် ဧလိရှဲလည်း မြစ်ကိုကူးသွားလေ၏။ Ver CapítuloCommon Language Bible14 သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။- Ver CapítuloGarrad Bible14 ဧ လိ ယ ကိုး ကွယ် သော ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကား အ ဘယ် မှာ နည်း ဟု ဆို လျက် ဧ လိ ယ မှ ကျ ခဲ့ သော သင်္ကန်း နှင့် ရေ ကို ရိုက် သော် ရေ ဝဲ ယာ ကွဲ၍ ဧ လိ ရှဲ ကူး သွား ရ၏။ Ver CapítuloJudson Bible14 ရေကို ဝတ်လုံနှင့်ရိုက်လျက်၊ ဧလိယကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟူ၍ တစ်ဖန် ရိုက်သောအခါ၊ ရေသည်တစ်ဖက်တစ်ချက်ကွဲသဖြင့် ဧလိရှဲသည်ကူးသွား၏။ Ver Capítulo |
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။