၄ ရာ 2:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရားက ဧလိယအား လေပွေဖြင့် ကောင်းကင်သို့ ချီဆောင်သွားချိန်ရောက်လာလျှင် ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့မှ ထွက်လာကြ၏။ Ver CapítuloCommon Language Bible1 ဧလိယအားလေပွေဖြင့် ကောင်းကင်ဘုံသို့ ထာဝရဘုရားဆောင်ယူတော်မူရန်အချိန် ကျရောက်လာ၏။ ဧလိယနှင့်ဧလိရှဲသည် ဂိလဂါလမြို့မှထွက်ခွာလာကြရာ၊- Ver CapítuloGarrad Bible1 ဧ လိ ယ ကို ကောင်း ကင် သို့ လေ ဘွေ အား ဖြင့် ထာ ဝ ရ ဘု ရား ဆောင် ယူ တော် မူ ချိန် နီး သော ကာ လ ဧ လိ ယ သည် ဧ လိ ရှဲ နှင့် အ တူ ဂိ လ ဂါ လ မြို့ မှ ထွက် သွား မည့် ပြု ရာ Ver CapítuloJudson Bible1 ထာဝရဘုရားသည် ဧလိယကို လေပွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။ Ver Capítulo |
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
ထိုအခါ ကိုယ်တော်က “တောင်ပေါ်သို့သွား၍ ထာဝရဘုရားရှေ့တော်တွင် ရပ်နေလော့”ဟု သူ့အား မိန့်တော်မူ၏။ ထာဝရဘုရားဖြတ်လျှောက်တော်မူလျှင် ပြင်းထန်သောလေအဟုန်ကြောင့် တောင်များအက်ကွဲကုန်၏။ ထာဝရဘုရားရှေ့မှောက်တွင် ကျောက်များကျိုးပဲ့ကုန်၏။ သို့သော် ထာဝရဘုရားသည် လေထဲ၌ ရှိတော်မမူ။ လေတိုက်ပြီးမှ ငလျင်လှုပ်၏။ သို့သော် ထာဝရဘုရားသည် ငလျင်ထဲတွင်လည်း ရှိတော်မမူ။