၄ ရာ 19:4 - မြန်မာ့စံမီသမ္မာကျမ်း4 ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။ Ver CapítuloCommon Language Bible4 အာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။ Ver CapítuloGarrad Bible4 အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ကဲ့ ရဲ့ စေ ရန် အာ ရှု ရိ ဘု ရင် စေ လွတ် လိုက် သော ကျေး ကျွန် ဖြစ် သူ ရာ ဗ ရှာ ခ စ ကား ဥဿုံ ကို ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကြား၍ ဆုံး မ ကောင်း ဆုံး မ တော် မူ လိမ့် မည်။ ထို ကြောင့် ကြွင်း ကျန် သူ တို့ အ ဘို့ ပ ဌ နာ ပြု တော် မူ ပါ ဟူ၍ Ver CapítuloJudson Bible4 အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန်ရာဗရှာခစကားကို သင်၏ ဘုရားသခင်ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသောလူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊ Ver Capítulo |
သင်သည် တမန်များကိုစေလွှတ်၍ ဘုရားရှင်ကိုစော်ကားပြောဆိုစေခဲ့၏။ သင်က ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။