၄ ရာ 18:7 - မြန်မာ့စံမီသမ္မာကျမ်း7 ထို့ကြောင့် ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူပြီး ပြုလေရာရာ၌ အထမြောက်၏။ သူသည် အဆီးရီးယားဘုရင်၏လက်အောက်ခံအဖြစ်မနေဘဲ ပုန်ကန်လေ၏။ Ver CapítuloCommon Language Bible7 သို့ဖြစ်၍ထာဝရဘုရားသည်သူနှင့်အတူရှိ တော်မူသဖြင့် သူသည်ပြုလေသမျှသော အမှုတို့တွင်အောင်မြင်လေသည်။ သူသည် အာရှုရိဧကရာဇ်ဘုရင်ကိုအညံ့မခံဘဲ ပုန်ကန်လေသည်။- Ver CapítuloGarrad Bible7 ထို မင်း နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သော ကြောင့် ချီ လေ ရာ ရာ အောင် မြင်၍ အာ ရှု ရိ ဘု ရင့် လက် အောက် မ ခံ၊ ခြား နား လေ၏။ Ver CapítuloJudson Bible7 ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့် သူသည် ပြုလေရာရာ၌ အောင်လေ၏။ အာရှုရိရှင်ဘုရင်၏ကျွန်မခံ။ ပုန်ကန်လေ၏။ Ver Capítulo |
ထို့ကြောင့် ယုဒဘုရင်ဟေဇကိမင်းကြီးက လာခိရှမြို့ရှိ အဆီးရီးယားဘုရင်ထံသို့ လူလွှတ်၍ “အကျွန်ုပ် အမှားပြုမိပါပြီ။ အရှင်မင်းကြီး တပ်ပြန်ဆုတ်ပေးပါ။ တောင်းသမျှကို ပေးပါမည်”ဟုမှာလိုက်လျှင် အဆီးရီးယားဘုရင်က ယုဒဘုရင်ဟေဇကိမင်းကြီးထံမှ ငွေတာလန်သုံးရာ၊ ရွှေတာလန်သုံးဆယ်ကို တောင်း၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။