၄ ရာ 18:35 - မြန်မာ့စံမီသမ္မာကျမ်း35 ဤပြည်တို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိပြည်ကို ငါ့လက်မှကယ်နုတ်နိုင်ခဲ့သနည်း။ ထာဝရဘုရားသည်လည်း ဂျေရုဆလင်မြို့ကို ငါ့လက်မှ ကယ်နုတ်နိုင်မည်လော’ဟူ၍ မိန့်ဆိုသည်”ဟု အသံကျယ်လောင်စွာအော်ဟစ်လေ၏။ Ver CapítuloCommon Language Bible35 ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများအနက် အဘယ်မည်သောဘုရားသည် မိမိပြည်ကိုငါ တို့ဧကရာဇ်ဘုရင်၏လက်မှအဘယ်အခါ ကကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူ ထာဝရဘုရားသည်လည်း ယေရုရှလင်မြို့ကို ကယ်တော်မူနိုင်သည်ဟု သင်တို့အဘယ်ကြောင့် ထင်မှတ်ကြပါသနည်း'' ဟုဆို၏။- Ver CapítuloGarrad Bible35 ယေ ရု ရှ လင် မြို့ ကို ငါ့ လက် တွင်း မှ ထာ ဝ ရ ဘု ရား လွတ် မြောက် စေ ရန် တိုင်း ပြည် များ ရှင် ဘု ရား တို့ အ နက် ကိုယ့် ပြည် ကို မည် သည့် ဘု ရား လွတ် မြောက် စေ ဘူး သ နည်း ဟု ထုတ် ဆင့် ကြွေး ကြော် ရာ Ver CapítuloJudson Bible35 ထိုအပြည်ပြည်သော ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။ Ver Capítulo |
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
ထို့ကြောင့် ယခု ဟေဇကိမင်းကြီးသည် သင်တို့ကို မလှည့်စားစေနှင့်။ ထိုသို့ မသွေးဆောင်စေနှင့်။ သူ့ကို မယုံကြနှင့်။ အကြောင်းမူကား မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံ၏ဘုရားကမျှ မိမိလူမျိုးကို ငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးတို့လက်မှလည်းကောင်း မကယ်နုတ်နိုင်။ သင်တို့၏ဘုရားတို့သည်လည်း သင်တို့ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်’ဟူ၍ မိန့်မှာလိုက်သည်”ဟု ပြောကြားစေ၏။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။