Biblia Todo Logo
La Biblia Online
- Anuncios -




၄ ရာ 18:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 တစ်ချိန်တည်း​မှာပင် ဟေဇကိ​မင်းကြီး​သည် ထာဝရဘုရား​၏​ဗိမာန်​တော်​တံခါး​မှ ရွှေ​များ​ကို​လည်းကောင်း​၊ သူကိုယ်တိုင်​မွမ်းမံ​ထား​သော တံခါးတိုင်​တို့​မှ ရွှေ​များ​ကို​လည်းကောင်း ချွတ်ခွာ​ပြီး အဆီးရီးယား​ဘုရင်​အား ပေးလိုက်​လေ​၏​။

Ver Capítulo Copiar

Common Language Bible

16 ဗိ​မာန်​တော်​တံ​ခါး​ဝ​များ​နှင့် မိ​မိ​ကိုယ်​တိုင် မွမ်း​မံ​ချယ်​လှယ်​ထား​သည့်​တံ​ခါး​တိုင်​များ​မှ ရွှေ​ကို​လည်း​ကောင်း​သ​နာ​ခရိပ်​အား​ပေး​၏။-

Ver Capítulo Copiar

Garrad Bible

16 ဗိ မာန် တော် တံ ခါး ချယ် လယ် သော ရွှေ နှင့် ကိုယ် တိုင် မွမ်း မံ သော တိုင် တော့် ရွှေ များ ကို ခွါ၍၊ အာ ရှု ရိ ဘု ရင့် ထံ ပို့ သွင်း ရ ၏။

Ver Capítulo Copiar

Judson Bible

16 ဗိ​မာန်​တော်​တံ​ခါး၊ တန်​ဆာ​များ၊ ကိုယ်​တိုင်​အ​ရင်​မွမ်း​မံ​သော တိုင်​တန်​ဆာ​များ​ကို​လည်း​ချွတ်၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား​ပေး၏။

Ver Capítulo Copiar




၄ ရာ 18:16
7 Referencias Cruzadas  

ထိုအခါ ယုဒ​ဘုရင်​ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​များ​ဖြစ်​သော ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၊ ယဟောရံ​မင်းကြီး​၊ အာခဇိ​မင်းကြီး​တို့ ဆက်ကပ်​ခဲ့​သော​သန့်ရှင်း​သော​အလှူ​များ​နှင့် သူ​ကိုယ်တိုင်​လှူ​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​များ​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​တွင်​ရှိ​သော ရွှေ​အားလုံး​ကို ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ထံ ပို့လိုက်​၏​။ ထိုအခါ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​မှ ပြန်လည်​ဆုတ်ခွာ​သွား​လေ​၏​။


ကျန်ရှိ​နေ​သော ယောရှ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ထို့ကြောင့် ဟေဇကိ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ရှိ ဘဏ္ဍာတိုက်​တို့​ထဲမှ​တွေ့ရှိ​သမျှ​ငွေ​တို့​ကို ပေးလိုက်​၏​။


အဆီးရီးယား​ဘုရင်​သည် တာတန်​၊ ရာဗသာရိတ်​၊ ရာဗရှာခ​တို့​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ ချီ​သွား​ကြ​၏​။ သူ​တို့ ရောက်​သွား​သောအခါ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​ပြီး


သူ​သည် နန်းတက်​စ ပထမ​နှစ်​၊ ပထမ​လ​တွင်​ပင် ထာဝရဘုရား​၏​အိမ်​တော်​တံခါး​တို့​ကို ပြန်လည်​ဖွင့်​၍ ပြုပြင်​၏​။


ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်​တိုက်​အားလုံး​နှင့် တွေ့​သမျှ​အဖိုးတန်ရတနာ​တို့​ကို သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos