၄ ရာ 17:23 - မြန်မာ့စံမီသမ္မာကျမ်း
23 ထာဝရဘုရားက မိမိအစေအပါးပရောဖက်တို့မှတစ်ဆင့် မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အထံတော်မှနှင်ထုတ်ခဲ့ရသည်အထိ ဖြစ်၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကိုယ့်နေရင်းပြည်မှ အဆီးရီးယားပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၍ ယနေ့တိုင်အောင်ထိုပြည်တွင် နေကြရ၏။
Ver Capítulo Copiar
23 ထိုကြောင့်ထာဝရဘုရားသည်သူတို့အား အစေခံပရောဖက်များအားဖြင့် သတိ ပေးမိန့်မှာတော်မူခဲ့သည့်အတိုင်းမျက် မှောက်တော်မှနှင်ထုတ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အာရှုရိ ပြည်သို့ပြည်နှင်ဒဏ်ခံရလျက် ထိုပြည် တွင်ယနေ့တိုင်အောင်နေထိုင်ရကြလေ သည်။
Ver Capítulo Copiar
23 ကျွန် တော် ရင်း ပ ရော ဖက် တို့ အား ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ထား တော် မူ ခဲ့ သည့် အ လျောက် ဣ သ ရေ လ အ မျိုး ကို မျက် မှောက် တော် မှ ပယ် ရှား တော် မူ၍ နေ ရင်း ပြည် မှ အာ ရှု ရိ ပြည် သို့ သိမ်း သွား ခြင်း ကို ယ နေ့ တိုင် အောင် ခံ ရ ကြ သ တည်း။
Ver Capítulo Copiar
23 ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမီတိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင်ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင်ခံရကြ၏။
Ver Capítulo Copiar