Biblia Todo Logo
La Biblia Online
- Anuncios -




၄ ရာ 16:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့ပြင် အာခတ်​မင်းကြီး​သည် တွန်းလှည်း​၏​ဘောင်​များ​ကို အပိုင်းပိုင်း​ဖြတ်ပစ်​ပြီး အင်တုံ​များ​ကို​လည်း တွန်းလှည်း​မှ ဖယ်ရှား​ပစ်​၏​။ ရေကန်​ကို​လည်း ရေကန်​အောက်​ရှိ​ကြေးနီ​နွားရုပ်​များ​ပေါ်​မှ ကျောက်ခင်း​ပေါ်သို့ ချထား​၏​။

Ver Capítulo Copiar

Common Language Bible

17 အာ​ခတ်​မင်း​သည်​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု သည့်​ကြေး​ဝါ​လှည်း​တို့​ကို​ယူ​၍ ယင်း​တို့​အ​ပေါ် ရှိ​အင်​တုံ​များ​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ သူ သည်​ကြေး​ဝါ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ဆယ့် နှစ်​ကောင်​၏​ကျောက်​ကုန်း​ထက်​မှ ကြေး​ဝါ​ကန် များ​ကို​လည်း​ယူ​၍​အောက်​ခံ​ကျောက်​ပေါ်​တွင် ထား​ရှိ​လေ​သည်။-

Ver Capítulo Copiar

Garrad Bible

17 အာ ခတ် မင်း သည် အောက် ခံ များ ရှိ ခါး ထောက် ကို ချွတ် ပြီး လျှင် အင် တုံ တော် ကို ရွှေ့ လျက် ကြေး နွား ရုပ် ပေါ် မှ ရေ ကန် တော် ကို လည်း ချ ၍ ကျောက် ချင်း ထက် ထား ၏။

Ver Capítulo Copiar

Judson Bible

17 အာ​ခတ်​မင်း​ကြီး​သည် ကြေး​ဝါ​ခုံ​တန်​ဆာ​တို့​ကို ပယ်၍ အင်​တုံ​ကို​လည်း​ရွှေ့၏။ ကြေး​ဝါ​ရေ​ကန်​ကို​လည်း ကြေး​ဝါ​နွား​တို့​အ​ပေါ်​က ချ၍ ကျောက်​ခင်း​ပေါ်​မှာ တင်​ထား၏။

Ver Capítulo Copiar




၄ ရာ 16:17
8 Referencias Cruzadas  

ယဇ်ပုရောဟိတ်​ဥရိယ​သည်​လည်း အာခတ်​မင်းကြီး​မိန့်မှာ​သမျှ​အတိုင်း ပြု​လေ​၏​။


ထာဝရဘုရား​၏​အိမ်​တော်​၌ ဆောက်လုပ်​ထား​သော ဥပုသ်​ဇရပ်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရှင်ဘုရင်​ဝင်ရာ အပြင်​လမ်း​တို့​ကို​လည်း အဆီးရီးယား​ဘုရင်​ကြောင့် ပိတ်ပစ်​လိုက်​၏​။


အာခတ်​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို စုပုံ​ပြီး ထို​ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို ချိုးဖဲ့ဖျက်ဆီး​ပစ်​ကာ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို​လည်း ပိတ်​ထား​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​လမ်း​ထောင့်​ရှိသမျှ​တို့​၌ မိမိ​အဖို့​ယဇ်ပလ္လင်​များ​ကို တည်​၏​။


အာခတ်​မင်းကြီး​စိုးစံ​စဉ်က သစ္စာမဲ့​၍​ဖယ်ရှား​ပစ်​ခဲ့​သော​အသုံးအဆောင်​အားလုံး​တို့​ကို​လည်း အကျွန်ုပ်​တို့ ပြုပြင်​၍​သန့်ရှင်း​စေ​ပြီး ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​တွင် ထားရှိ​ပါ​သည်​”​ဟု လျှောက်တင်​ကြ​၏​။


ထာဝရဘုရား​၏​အိမ်​တော်​၌ ရှောလမုန်​မင်းကြီး​ပြုလုပ်​ထား​သော တိုင်​နှစ်​တိုင်​၊ ရေကန်​တစ်​ကန်​၊ ရေကန်​အောက်​၌​ရှိ​သော​ကြေးနီ​နွားရုပ်​တစ်ဆယ့်​နှစ်​ရုပ်​နှင့် တွန်းလှည်း​များ စသည့် ကြေးနီ​တန်ဆာပလာ​အားလုံး​၏​အလေးချိန်​မှာ ချိန်တွယ်​၍​ပင်​မ​ရ​နိုင်​ချေ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos