၄ ရာ 15:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုသို့ အဆီးရီးယားဘုရင်အား ဆက်သနိုင်ရန် မေနဟင်မင်းကြီးသည် အစ္စရေးပြည်ရှိသူဌေးအားလုံးတို့ထံမှ တစ်ဦးလျှင် ငွေရှယ်ကယ်ငါးဆယ်ကို ကောက်ခံခဲ့၏။ ဤသို့ဖြင့် အဆီးရီးယားဘုရင်သည် ထိုပြည်တွင် ဆက်မနေဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့၏။ Ver CapítuloCommon Language Bible20 ယင်းသို့ဆက်သနိုင်ရန်မေနဟင်သည် ဣသရေလ သူဌေးသူကြွယ်များထံမှတစ်ဦးလျှင် ငွေသား ငါးဆယ်စီကောက်ယူ၏။ သို့ဖြစ်၍တိဂလတ် ပိလေသာသည်မိမိ၏တိုင်းပြည်သို့ပြန်သွား လေ၏။ Ver CapítuloGarrad Bible20 အာ ရှု ရိ ဘု ရင် သည် မ ရပ် တန့် ဘဲ ကိုယ့် ပြည် သို့ ဆုတ် ပြန် လေ၏။ အာ ရှု ရိ မင်း ထံ ဆက် သွင်း သော ပ ဏ္ဏာ ငွေ မှာ ဣ သ ရေ လ သူ ဌေး သူ ကြွယ် အ သီး အ သီး တို့ မှ ငွေ အ ကျပ် ငါး ဆယ် စီ၊ မေ န ဟင် မင်း ကောက် ခံ သ တည်း။ Ver CapítuloJudson Bible20 အာရှုရိရှင်ဘုရင်အား ဆက်စရာဖို့၊ မေနဟင်သည် ဣသရေလအမျိုး၌ ငွေခွဲ၍၊ ရတတ်သောသူတိုင်း အကျပ်ငါးဆယ်စီ ပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင်သည် မနေ၊ မိမိပြည်သို့ပြန်သွား၏။ Ver Capítulo |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။