၄ ရာ 14:25 - မြန်မာ့စံမီသမ္မာကျမ်း25 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ဂိတ္တဟေဖာမြို့နေ အမိတ္တဲ၏သား မိမိအစေအပါးပရောဖက်ယောနအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းကြီးသည် လီဘိုဟာမတ်မြို့မှ အရာဗပင်လယ်တိုင်အောင် အစ္စရေးနယ်နိမိတ်တစ်လျှောက်ကို ပြန်လည်သိမ်းယူခဲ့၏။ Ver CapítuloCommon Language Bible25 သူသည်မြောက်သို့လားသော်ဟာမတ်တောင်ကြား လမ်း၊ တောင်သို့လားသော်ပင်လယ်သေတိုင်အောင် ယခင်အခါကဣသရေလပြည်၏ပိုင်နက်နယ် မြေမှန်သမျှတို့ကိုပြန်လည်သိမ်းယူလေသည်။ ဤကားဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကျွန်တော် ရင်း၊ ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သားပရောဖက် ယောနအားဖြင့်မိန့်တော်မူခဲ့သောစကား တော်အတိုင်းပင်ဖြစ်သတည်း။ Ver CapítuloGarrad Bible25 ဂါ သေ ဖာ မြို့ နေ၊ အ မိ တ္တဲ သား၊ ကျွန် တော် ရင်း ပ ရော ဖက် ယော န အား ဖြင့် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘုရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ဣ သ ရေ လ နယ် နိ မိတ် ကို ဟာ မတ် မြို့ လမ်း ဝ မှ စ ၍ အ ရာ ဗာ အိုင် တိုင် အောင် ယေ ရော ဗောင် ပြန် သိမ်း ရ ခြင်း ကား၊ Ver CapítuloJudson Bible25 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန် ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူသောစကားတော်အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှနုတ်၍ ပြုစုလေ၏။ Ver Capítulo |
ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် ခမည်းတော်ယောခတ်မင်းကြီးလက်ထက် တိုက်ပွဲဖြစ်စဉ် အသိမ်းခံလိုက်ရသောမြို့ရွာများကို ဟာဇေလမင်းကြီး၏သားတော်ဗင်္ဟာဒဒ်လက်မှ ပြန်လည်သိမ်းယူခဲ့၏။ ယောရှမင်းကြီးသည် ဗင်္ဟာဒဒ်မင်းကြီးကို သုံးကြိမ်အောင်နိုင်ခဲ့ပြီး အစ္စရေးမြို့ရွာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။