၄ ရာ 14:10 - မြန်မာ့စံမီသမ္မာကျမ်း10 သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။ Ver CapítuloCommon Language Bible10 အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။ Ver CapítuloGarrad Bible10 အ ကြည် တော် သည် ဧ ဒုံ ပြည် ကို အောင် ခဲ့ သော ကြောင့် စိတ် နေ မြင့် လှ၏။ နန်း တော် တွင် စံ လျက် ကိုယ် ကို ဂုဏ် တင် လော့။ အ ကြည် တော် မှ စ၍ ယု ဒ အ လုံး အ ရင်း ပါ ကျ ဆုံး ရန် အ န္တ ရာယ် ကို အ ဘယ် ကြောင့် ရှာ သ နည်း ဟု ယု ဒ ဘု ရင် အာ မ ဇိ မင်း ထံ ရာ ဇ သံ ပြန် လိုက် သော် လည်း Ver CapítuloJudson Bible10 သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။ Ver Capítulo |
သို့သော် နေခေါမင်းကြီးက ယောရှိမင်းကြီးထံ တမန်ကိုလွှတ်၍ “အို ယုဒဘုရင်၊ သင်နှင့် အကျွန်ုပ် မည်သို့ဆိုင်သနည်း။ ယခု သင်နှင့်စစ်တိုက်ရန် အကျွန်ုပ်ချီလာသည်မဟုတ်။ အကျွန်ုပ်နှင့်စစ်ဖြစ်နေသောလူမျိုးကိုသာတိုက်ရန် ချီလာ၏။ ဘုရားသခင်သည် အကျွန်ုပ်အား စစ်အမြန်တိုက်စေပြီဖြစ်၍ အကျွန်ုပ်နှင့်အတူရှိသောဘုရားသခင်ကို ဆန့်ကျင်၍ဆီးတားမနေပါနှင့်။ သို့မဟုတ်လျှင် သင့်ကိုဖျက်ဆီးတော်မူမည်”ဟု မှာကြားလိုက်၏။