၄ ရာ 13:23 - မြန်မာ့စံမီသမ္မာကျမ်း23 သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။ Ver CapítuloCommon Language Bible23 သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။ Ver CapítuloGarrad Bible23 သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ကို ထောက် ၍ ထို လူ မျိုး ကို ဖျက် ဆီး ရန် အ လို တော် မ ရှိ။ မျက် နှာ တော် မူ လျက် မေ တ္တာ ကျေး ဇူး တော် ကို ပြ လျက် ရှေ့ တော် မှ ပယ် ပစ် တော် မ မူ သေး။ Ver CapítuloJudson Bible23 ထာဝရဘုရားသည် သူတို့ကိုသနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှ မနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။ Ver Capítulo |