၄ ရာ 10:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြလျက် “ရှင်ဘုရင်နှစ်ပါးပင်လျှင် သူ့ကို မခုခံနိုင်။ အကျွန်ုပ်တို့လည်း သူ့ကို မည်သို့ခုခံနိုင်မည်နည်း”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible4 ရှမာရိမြို့ရှိအုပ်ချုပ်ရေးမှူးများသည် ထိတ် လန့်လျက်``ယေဟုအားယောရံမင်းနှင့်အာခဇိ မင်းတို့ပင်လျှင် မခံမရပ်နိုင်ကြပါလျှင် ငါ တို့အဘယ်သို့သူ့အားခံရပ်နိုင်ပါမည်နည်း'' ဟုဆိုကြ၏။- Ver CapítuloGarrad Bible4 ထို သူ တို့ က၊ ဘု ရင် မင်း နှစ် ပါး ပင်၊ သူ့ ရှေ့ တွင် မ ခံ မ ရပ် နိုင်။ ငါ တို့ ကား မည် သို့ ခံ ရပ် နိုင် အံ့ နည်း ဟု အ လွန် ကြောက် ရွံ့ လျက်၊ Ver CapítuloJudson Bible4 ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည်ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင်မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။ Ver Capítulo |
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။