၄ ရာ 10:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထို့နောက် ယေဟုနှင့် ရေခပ်၏သားယောနဒပ်သည် ဗာလဘုရားဝတ်ကျောင်းထဲသို့ဝင်သွား၍ ဗာလဘုရားကိုဝတ်ပြုသူတို့အား “ဤနေရာတွင် ထာဝရဘုရားကို ဝတ်ပြုသူတို့မပါဘဲ ဗာလဘုရားကို ဝတ်ပြုသူများသာရှိစေရန် ကိုယ့်အနီးအနားကို စစ်ဆေးကြည့်လော့”ဟု ဆို၏။ Ver CapítuloCommon Language Bible23 ထိုနောက်မိမိကိုယ်တိုင်ရေခပ်၏သားယော နဒပ်နှင့်အတူ ဗာလဗိမာန်ထဲသို့ဝင်၍ထို အရပ်တွင်ရှိသူတို့အား``ဤနေရာတွင်ရှိ သောသူတို့သည်ဗာလဘုရားကိုဝတ်ပြု ကိုးကွယ်သူများသာဖြစ်စေရမည်။ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်သူတစ်စုံ တစ်ယောက်မျှမပါမရှိစေရန် သင်တို့ အသေအချာစစ်ဆေးကြလော့'' ဟု ဆို၏။- Ver CapítuloGarrad Bible23 ရေ ခပ် သား ယော န ဒပ် နှင့် အ တူ ဗာ လ၏ ဗိ မာန် တွင်း သို့ ဝင်၍ ဝတ် ပြု သူ တို့ အား ထာ ဝ ရ ဘု ရား ကို ဝတ် ပြု သူ မ ပါ၊ ဗာ လ ဘုရား ကို ဝတ် ပြု သူ တို့ သာ ရှိ စေ ရန် ကြည့် ရှု စစ် ဆေး ကြ လော့ ဟု မိန့် ဆို လေ ၏။ Ver CapítuloJudson Bible23 တစ်ဖန် ရေခပ်သားယောနဒပ်နှင့်အတူ ဗာလကျောင်းထဲသို့ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တစ်ယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေမည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလတပည့်တို့အား ဆို၏။ Ver Capítulo |
ထို့နောက် သူတို့သည် ယဇ်ကောင်များကို မီးရှို့ပူဇော်ရန် အထဲသို့ဝင်သွားကြ၏။ ယေဟုသည် အပြင်ဘက်တွင် လူအယောက်ရှစ်ဆယ်ကို နေရာချထားပြီး “သင်တို့လက်သို့ ငါအပ်လိုက်သောသူတစ်စုံတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် ထိုသူ၏အသက်အစား ကိုယ့်အသက်ကို ပြန်ပေးရမည်”ဟု မိန့်မှာထား၏။
ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား “မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့”ဟု ငါပြောမည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။