၃ ရာ 9:25 - မြန်မာ့စံမီသမ္မာကျမ်း25 ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။ Ver CapítuloCommon Language Bible25 ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။ Ver CapítuloGarrad Bible25 ရှော လ မုန် မင်း လည်း ထာ ဝ ရ ဘု ရား အ ဖို့ တည် သော ရှေ့ တော် ရှိ ပ လ္လင် တော် ပေါ် တွင် နံ့ သာ ပေါင်း နှင့် တ ကွ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို တစ် နှစ် သုံး ကြိမ် ပူ ဇော် လေ့ ရှိ ၏။ ဗိ မာန် တော် တည် ဆောက် မှု အ ပြီး သတ် ပြီး လျှင် Ver CapítuloJudson Bible25 ထာဝရဘုရားအဖို့တည်သော ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို တစ်နှစ်တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၍၊ ထာ၀ရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကိုမီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။ Ver Capítulo |
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။